Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... လေကြောင်းကြောင့် စစ်ရှောင်ကိုးဦးသေဆုံးထားရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်တဲ့သတင်းနဲ့အတူ ဘုတလင်က လူသတ်စစ်ကြောင်း ပုလဲကိုရောက်နေလို့ ဒေသခံတွေစိုးရိမ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွှာတို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Mizzima Editoiral Talk အစီအစဉ်ကိုလည်းထုတ်လွှင့်သွားမှာပါ။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    35 min
  • နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ====================

     

    -လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ရတဲ့ ဘန်ကောက်စစ်ရှောင်စခန်း ထပ်မံဗုံးကြဲခံရတဲ့သတင်း

     

    - စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြီးနောက် လူအစုလိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြောင်း

     

    -မုန်တိုင်းအရှိန်ကြောင့် မိုးရွာနိုင်ကြောင်း သတိပေးတဲ့သတင်း

     

    - သြစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်တို့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သတင်းနဲ့

     

    -ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို  တင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    31 min
  • နိုဝင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    နိုဝင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ တစ်နှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံးတယ်လို့ AA ရဲ့ လူသားစာနာအဖွဲ့ ထုတ်ပြန်တဲ့သတင်းနဲ့အတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး လူအစုလိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွှာတို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် "နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါး" ကဏ္ဏမှာ တရုတ်ရဲ့ကျားကန်ပေးမှုက စစ်ကောင်စီကို အလုပ်ဖြစ်စေမှာလားဆိုတဲ့အကြောင်းနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Mizzima Editorial Talk အစီအစဉ်တို့ကို နားဆင်ကြရပါမယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr 3 min
  • နိုဝင်ဘာလ ၁၈ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - ကွတ်ခိုင် ဗုံးကြဲခံရမှု အရပ်သား ၃ ဦးသေဆုံးတဲ့သတင်း


    - ၃နှစ်တာ ကာလအတွင်း ရဲဘော် ၂ဦး ကျဆုံးခဲ့ကြောင်း ACDF ပြောတဲ့သတင်း


    - အလယ်ပိုင်းဒေသ စစ်ရေးကို ပြောင်းပြန်လှန်နိုင်တဲ့ မိတ္ထီလာဆိုတဲ့ အကြောင်း


    - အသေခံတိုက်ခိုက်ရေးဒရုန်း အမြောက်အများထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတွေအပါအ၀င် စိတ်ဝင်စားဖွယ်နဲ့  အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    16 min
  • စက်တင်ဘာလအတွင်း ရခိုင်ပြည်ကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုများ

    အပတ်စဉ်တင်ဆက်သွားမယ့် ‘လူငယ်သတင်း’ စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာတော့ အာဏာသိမ်းစစ်တပ်က စက်တင်ဘာလအတွင်း ရခိုင်ပြည်မှာ သတင်းတု သတင်းမှားတွေနဲ့ နဘယ်လိုဝါဒဖြန့်နေတဲ့ဆိုတဲ့အကြောင်းကို အစီအစဉ်တင်ဆက်သူသုံးဦးက ဝိုင်းဖွဲ့ဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ်။ နားသောတဆင်ကြည့်ပါခင်ဗျာ.........

    12 min
  • နိုဝင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -မုံရွာမြို့မှ ရတနာဆိုင် ဓားပြတိုက်မှုတွင်ပါဝင်သူ အမျိုးသမီး ပလဖထံအဖမ်းခံရတဲ့သတင်း နဲ့အတူ -ထိုင်း အိမ်ခြံမြေတွေ နိုင်ငံခြားသားတွေ ဝယ်နိုင်အောင် ဥပဒေပြင်သင့်တယ်ဆိုတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ မြန်မာမှာ ရေဘေးနဲ့ စစ်ဘေးကြောင့် အမျိုးသမီးများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့Key To Health အစီအစဉ် ကို နားဆင်ရမှာပါ။

    32 min
  • နိုဝင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -နောင်ချိုတိုက်ပွဲတွင် တပ်ရင်းမှူး အပါ စစ်ကောင်စီတပ်သားများ သေဆုံး ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတဲ့သတင်း နဲ့အတူ -မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေကို တရုတ်က ခြောက်လနေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်ဆိုတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ စစ်ခေါင်းဆောင် တရုတ်သို့ ခရီးသွားနေချိန် ဒေသတွင်း အိန္ဒိယနိုင်ငံကလည်း စစ်ကောင်စီ၊ နိုင်ငံရေးပါတီ နဲ့ NCA အဖွဲ့တချို့တို့ကို ဖိတ်ခေါ်ဆွေးနွေးလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။နောက်ထပ်အပတ်စဉ်ကဏ္ဏအနေနဲ့ | Key To Health အစီအစဉ်ရဲ့ “သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လို စောင့်ရှောက်ပေးကြမလဲ ဆိုတဲ့အကြောင်းအရာ “ ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    1 hr 3 min
  • နိုဝင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းပေါင်း ၅၀ ကျော် ထိခိုက်ပျက်စီး သွားတဲ့သတင်း နဲ့အတူ - အမ်းမြို့ နပခ နှင့် ၂ ဖာလုံ အကွာတွင် အနီးကပ်တိုက်ပွဲပြင်းထန်၊ ရဲ​စခန်းမှ ရဲ ၄ ဦးထွက်​ပြေးသွားတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို ထိုင်းလွှတ်တော်အမတ် ဝေဖန်လိုက်တဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ မဇ္ဈိမရဲ့ Women and Chilrens' Hour အစီအစဉ်ကို လည်းနားဆင်ရဖို့ရှိပါတယ်’။

    35 min
  • နိုဝင်ဘာလ ၁၆ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - KIA ခွဲထွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကွယ်လွန်သွားတဲ့သတင်း နဲ့အတူ -ရုရှားနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုတိုးချဲ့ရေး စစ်ခေါင်းဆောင်နှင့် ရုရှားအရှေ့ဖျားဒေသ ပြည်နယ်ဥက္ကဌ ဆွေးနွေး နေတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့မြန်မာမှာ အရပ်သားတွေအကြမ်းဖက်ခံရမှု အမေရိကန်နဲ့ အင်ဒိုနီးရှား ရှုတ်ချလိုက်တဲ့သတင်းကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမရဲWomen and children Hour အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    56 min
  • နိုဝင်ဘာလ ၁၆ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ ......မိုးမောက်မြို့မှာ လပြည့်နေ့ ဗုံးကြဲခံရပြီး ကလေးငယ်အများစုအပါအဝင် ကနဦး ၉ ဦးသေဆုံးကြောင်းအတည်ပြုထားနိုင်တဲ့သတင်းနဲ့အတူ NUG နွေဦးဘဏ်က ရှယ်ယာတွေရောင်းချနေပြီး ၄ နာရီအတွင်း ဒေါ်လာ ၁,၀၀၀,၀၀၀ ကျော် ဝယ်ယူမှုရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ နောက်ဆုံရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Women and Children’s Hour အစီအစဉ်တို့ကို နားဆင်ကြရပါမယ်။

    32 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.