ဒီနေ့ထုတ်လွင့်မဲ့ သတင်းတွေကတော့ ----------
၁။ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်မှာ ရီငုတ်သင်္ဘော ပေါ်ပေါ်ထင်ထင်တွေ့မြင်ရတာက စစ်ရေးအရ ဖိအားပေးရာ ရောက်တယ်ဆိုတဲ့သတင်း။
၂။ ပြည်တွင်းလေကြောင်းမှာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသူတွေ ဆေးစစ်ဖို့ မလိုတော့ဘူးလို့ ဒေါက်တာ ခင်ခင်ကြီး သူ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတဲ့သတင်း။
၃။ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို အပြီးသတ်အမိန့်မချဘဲ နောက်ထပ် ရုံးချိန်းပေးလိုက်တဲ့သတင်း။
၄။ ဂွမြို့နယ်မှာ ဝေလငါးသားပေါက် အသေတစ်ကောင် တွေ့ရှိခဲ့တဲ့ သတင်းနဲ့။
၅။ စက်သုံးဆီဈေး မြင့်တက်နေတဲ့အတွက် လူမှုကူညီရေးအသင်းတွေ အခက်အခဲဖြစ်နေကြတဲ့ သတင်းတွေကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ရခိုင်ပြည်ကို ရေငုတ်သင်္ဘော ဝင်လာတဲ့အပေါ် ကျောက်ဖြူဒေသခံတွေနဲ့ ဆက်သွယ် မေးမြန်းထားတာတွေကို စုစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊ မီဇိုး၊ မွန်၊ ဗမာ၊ ရခိုင် နှင့် ရှမ်းနီစသည့် တိုင်းရင်းသားဘာသာများဖြင့် လှိုင်းတို ၁၆ မီတာ ၁၇.၇၅၅ မက်ဂါဟက်ဇ် မှ အင်္ဂါနေ့ကနေ စနေနေ့ထိ နားဆင်နိုင်ပါသည်။
ဇိုမီးဘာသာဖြင့် တင်ဆက်သောတိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါသည်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)