မေလ ၃၀ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်ကောင်စီတပ်က ခေါ်ယူသွားတဲ့ အဘောင်သားရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး ၂ ယောက် မိသားစုနဲ့ အဆက်သွယ်မရလို့ စိုးရိမ်နေကြတဲ့သတင်း
၂။ ရမ်းဗြဲမြို့နယ် ရမ်းပေါက်ကုန်းရွာမှာ မျိုးဆွေလည်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ သတင်း
၃။ မောင်တောကုန်သွယ်ရေး ဇုန်ကိုသွားတဲ့လမ်းမှာ လမ်းပျက်နေလို့ ကားသမားတွေ အခက်အခဲ ဖြစ်နေရတဲ့သတင်း
၄။ စစ်တွေမြို့ အထက (၅) ကျောင်းနောက်မှာ သေဆုံးနေတဲ့ အလောင်းတစ်လောင်း တွေ့ရှိတဲ့သတင်း
၅။ စစ်တွေ ပွင့်ကမ်းခြေမှာ ရခိုင်လူငယ်မောင်မယ် ပရဟိတအသင်းက အမှိုက်ကောက် ကမ်ပိန်းလုပ်ခဲ့တဲ့ သတင်းနဲ့
၆။ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်အုပ်စုမှာ တံတားတစ်စင်း နိမ့်ကျသွားတဲ့အတွက် ဒေသခံတွေ သွား လာဖို့ အခက်ခဲဖြစ်နေကြတဲ့ သတင်းတွေကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဝံလက်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ကျင်းပနေတဲ့ တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှူးပွဲတော်အကြောင်းနဲ့ ပတ်သတ်လို့ ဦးခိုင်ကောင်းစံနဲ့ဆက်သွယ် မေးမြန်းထားတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊ မီဇိုး၊ မွန်၊ ဗမာ၊ ရခိုင် နှင့် ရှမ်းနီစသည့် တိုင်းရင်းသားဘာသာများဖြင့် လှိုင်းတို ၁၆ မီတာ ၁၇.၇၅၅ မက်ဂါဟက်ဇ် မှ အင်္ဂါနေ့ကနေ စနေနေ့ထိ နားဆင်နိုင်ပါသည်။
ဇိုမီးဘာသာဖြင့် တင်ဆက်သောတိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါသည်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)