Mizzima 108FM ၏ မေလ ၂၄ ရက်၊ အင်္ဂါနေ့ည မဇ္ဈိမ ရေဒီယိုရဲ့ သတင်းများ
Update News on Mizzima 108FM May 24 at 6:30 PM
မေလ ၂၄ ရက်၊ အင်္ဂါနေ့ည မဇ္ဈိမ ရေဒီယိုရဲ့ သတင်းများ
ဒီနေ့ည သတင်းတွေထဲမှာတော့…
- အတိုင်ပင်ခံနဲ့သမ္မတတို့ ပူးတွဲ စွပ်စွဲခံထားရတဲ့ ရဟတ်ယာဉ်ဝယ်ယူမှုဆိုင်ရာအဂတိမှုတွေကို ဆက်လက်ကြားနာ
- ကလေးမြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ လျှပ်စစ်မီတာခစစ်ဆေး
ဒီအကြောင်းတွေပါဝင်တဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရမှာပါ။
ဒါ့အပြင် နိုင်ငံတကာသတင်းတွေ၊ စီးပွားရေး သတင်းတွေနဲ့ ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုလည်း နားဆင်ကြရမှာပါ။
မေလ ၁၉ ရက်နေ့က ပြည်တွင်းသတင်းဌာန တစ်ခုကို ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုခဲ့သည့်စကားအပေါ် ကရင် အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီက ပြင်းပြင်း ထန်ထန် တုံ့ပြန် လိုက်တာကိုဆက်သွယ်မေးမြန်းထားပါတယ်။
အဲ့ဒီနောက်မှာတော့ တိုင်းရင်းသားတွေရဲ့ အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယို အစီအစဉ်ကို နားဆင်ကြရမှာပါ။