Mizzima 108FM ၏ မေလ ၂၂ ရက်၊တနင်္ဂနွေနေ့ည မဇ္ဈိမ ရေဒီယိုရဲ့ သတင်းများ
Update News on Mizzima 108FM May 22 at 6:30 PM
မေလ ၂၂ ရက်၊တနင်္ဂနွေနေ့ည မဇ္ဈိမ ရေဒီယိုရဲ့ သတင်းများ
ဒီနေ့ည သတင်းတွေထဲမှာတော့…
- ယောဒေသ ကာကွယ်ရေးတပ်ပေါင်းစု ပူးပေါင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး
- ထိုင်းနိုင်ငံသို့ စတုတ္ထအသုတ် MOU ရွေ့ပြောင်း အလုပ်သမား ၃၇၆ ဦးထပ်ပို့ ၁,၀၀၀ ကျော်အထိရှိလာ အစရှိတဲ့ သတင်းများ ပါဝင်တဲ့ ပြည်တွင်း သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ ဒါ့အပြင် နိုင်ငံတကာသတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့ CDM ဆရာမတစ်ဦးအား ဆက်သွယ်မေးမြန်းချက်၊အဲ့ဒီနောက်မှာ spring university မှပေးပို့ချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။
ဒီနေ့မှာတော့ "ကလေးများနှင့်ကလေးစောင့်ရှောက်သူများအကြား စိတ်လှုံခြုံနွေးထွေးစွာ သံယောဇဉ်တွယ်တာမှုကို ဘယ်လိုဖန်တီးမလဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ နားဆင်ရမှာပါ။ အဲ့ဒီနောက်မှာတော့ တိုင်းရင်းသားတွေရဲ့ အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယို အစီအစဉ်ကို နားဆင်ကြရမှာပါ။