မေလ ၁၆ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ကချင်ဘာသာ)
- ဆွမ်ပရာဘွမ်မြို့နယ်၊ ကဝါးပန်း ကျေးရွာတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းနှင့် KIA တို့ တိုက်ပွဲဖြစ်ပွား။
- ဧရာ၀တီ မြစ်ရေတက်လာခြင်းကြောင့် မြစ်ဆုံအနီးတဝိုက် ရွှေတူးဖော်သည့်သူများ လုပ်ငန်းသုံး စက်ပစ္စည်းများ မျောပါ၊ မြစ်ရေလည်း ဆက်လက်မြင့်တက်နိုင်။
- မြစ်ကြီးနားတက္ကသိုလ် မေဂျာပေါင်းစုံတွင် တက်ရောက်သူ နည်းပါးနေသေး။
- တီယန်ဇွပ်ကျေးရွာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများမှ မြစ်ကြီးနားမှ တက်လာသူများအား စစ်ဆေးမှု တင်းကြပ်နေ။
- ရွေဖောင်များထွက်ခွာသွားရန် မြို့လှ PDF မှ သတိပေးပြီးနောက် ဒီကနေ့အထိ ထွက်ခွာနေဆဲ။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊ မီဇိုး၊ မွန်၊ ဗမာ၊ ရခိုင် နှင့် ရှမ်းနီစသည့် တိုင်းရင်းသားဘာသာများဖြင့် လှိုင်းတို ၁၆ မီတာ ၁၇.၇၅၅ မက်ဂါဟက်ဇ် မှ အင်္ဂါနေ့ကနေ စနေနေ့ထိ နားဆင်နိုင်ပါသည်။
ဇိုမီးဘာသာဖြင့် တင်ဆက်သောတိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါသည်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)