Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • နိုဝင်ဘာလ ၃ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -အမ်းတွင် စစ်ကောင်စီ ခံစစ်ပြင်ထားသည့် နေရာများကို AA လက်နက်ကြီးဖြင့် ပစ်ခတ် လိုက်တဲ့သတင်း နဲ့အတူ -ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ ပ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့တဲ့သတင်း ကို နားဆင်ရမှာပါ။နောက်ထပ်အပတ်စဉ်ကဏ္ဏအနေနဲ့ | Key To Health အစီအစဉ်ရဲ့ “ ကလေးငယ်များနှင့် ရေကျောက်ပြဿနာ " အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    56 min
  • နိုဝင်ဘာလ ၃ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - တောင်သာမြို့နယ်တွင် ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းလိုက်တဲ့သတင်းနဲ့အတူ - မြိုင်တွင် စစ်ရှောင်စခန်းအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ မြန်မာစစ်ရေးပဋိပက္ခတွေကြောင့် ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာဆုတ်ယုတ်လာ တယ်ဆိုတဲ့သတင်းကို နားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဍအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။

    35 min
  • နိုဝင်ဘာလ ၂ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - KNU တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ ဒေသခံများတိမ်းရှောင်နေရတဲ့သတင်း နဲ့အတူ -တိုက်ပွဲပြင်းထန်နေသည့်အမ်းမြို့တွင် ဌာန၃ခုမှအရာရှိနှင့်ဝန်ထမ်းများထွက်ခွာခွင့် စစ်ကောင်စီပိတ်လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ မြန်မာမှာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အကြိမ်ရေပိုများလာပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာတဲ့သတင်းကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ် အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်

    1 hr
  • နိုဝင်ဘာလ ၂ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ .....စစ်အာဏာရှင်စနစ်ရဲ့ ဇစ်မြစ်ကို မဖြေရှင်းဘဲ နိုင်ငံရေးနဲ့လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းပြောတဲ့သတင်းနဲ့အတူ စစ်ကောင်စီ ဗဟိုဘဏ်က QR ငွေပေးချေစနစ် MyanmarPay ကို ဒီဇင်ဘာလမှာ စတင်အသုံးပြုနိုင်ဖို့ စီစဉ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “ဗီဇာလမ်းညွှန်” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    32 min
  • နိုဝင်ဘာလ ၁ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    - ပြည်ပရောက် မြန်မာတွေကို လစာတရားဝင်လွှဲဖို့အတွက် လျှပ်စစ်ကားနဲ့ စစ်ကောင်စီသံရုံး ဆွဲဆောင်တဲ့အကြောင်း


    - ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း EU နဲ့ WFP ပူးတွဲထုတ်ပြန်တဲ့သတင်း


    - စစ်ကောင်စီဗိုလ်မှူး၂ ဦးအပါအဝင် ၆၁ ဦးပြည်သူ့ရင်ခွင်ခိုလှုံတဲ့သတင်း


    - ၃၆ နှစ်အတွင်း ABSDF တပ်ဖွဲ့ဝင် ၈၀၀ ကျော် ကျဆုံခဲ့ရတဲ့သတင်း


    - လက်ဘနွန် အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်သံတမန်တွေနဲ့ အစ္စရေး ဆွေးနွေးခဲ့တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ ဒီနေ့အတွက် နောက်ဆုံးရ ကုန်ဈေးနှုန်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    27 min
  • နိုဝင်ဘာလ ၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ ..... စစ်ကောင်စီဗိုလ်မှူး၂ ဦးအပါအဝင် ၆၁ ဦးပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သတင်းနဲ့အတူ တရုတ်−မြန်မာ နယ်စပ်မြို့ မူဆယ်မှာ တိုက်ပွဲပြန်ဖြစ်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါး ကဏ္ဏနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “ဗီဇာလမ်းညွှန်” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    58 min
  • နိုဝင်ဘာလ ၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    နိုဝင်ဘာလ ၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    =================

    -ကချင် နယ်ခြားစောင့်တပ် ၁ခု KIA ထပ်သိမ်းပြီးနောက် ကချင်က နယ်ခြားစောင့်တပ် ၃ ခုလုံး KIA လက်အောက်ရောက်သွားတဲ့သတင်း


    -တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့အနီး တိုက်ပွဲပြန်ဖြစ်နေတဲ့အကြောင်း


    -ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီဒရုန်းကြောင့် ကလေးငယ် ၁ဦးနှင့် အမျိုးသမီး၁ဦး သေဆုံးသွားတဲ့သတင်း နဲ့


    -TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ ထပ်မံဗုံးကြဲခံရလို့ လူ ၁ ဦးသေဆုံးခဲတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွ

    #12pmnews

    #Mizzimanewshour

    #MizzimaTV

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    9 min
  • နိုဝင်ဘာလ ၁ ရက်နေ့ ၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် UNICEF ရုံးခန်းဖွင့်ရန် လွှတ်တော်အမတ်တောင်းဆိုလိုက်တဲ့သတင်း နဲ့အတူ သားကိုယ်စား ဖမ်းဆီးခံရသည့်ဖခင် အကျဉ်းထောင်တွင် သေဆုံးသွားတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ လိုင်စင်မရှိဘဲ ရွှေရောင်းဝယ်ပါက အရေးယူခံရမယ်လို့ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ မှူးနဲ့ အတူတင်ဆက်ပေးပါမယ်ရှင်။

    36 min
  • အောက်တိုဘာလ ၃၁ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -ဖာပွန်ခရိုင်က တပ်စခန်း ၆၀ ကျော်ကို စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့သတင်း


    -ပေါင်မြို့နယ်မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါးရှိလာတဲ့သတင်း


    -လျှို့ဝှက်သော Paragon Institute နှင့် စစ်ထောက်လှမ်းရေးဟောင်း ဦးသိန်းဆွေတို့အကြောင်း


    -ကလေးငယ်တွေအပါအဝင် ရွှေပြောင်းနေထိုင်သူ ၅၀၀,၀၀၀ နီးပါး နိုင်ငံသားဖြစ်ခွင့် ထိုင်းအတည်ပြုလိုက်တဲ့သတင်း


    -ကြို့ပင်ကောက်၌ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထားတဲ့သတင်း


    -လိုင်စင်မရှိဘဲ ရွှေရောင်းဝယ်ပါက အရေးယူခံရမယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့အကြောင်း


    -ရွေးကောက်ပွဲနီးချိန်မှာ အမေရိကန် စီးပွားရေး ခိုင်မာသော်လည်း မျှော်မှန်းချက် မပြည့်တဲ့သတင်းအပါအဝင် တခြားအရေကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    28 min
  • အောက်တိုဘာလ ၃၁ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - ဖာပွန်ခရိုင်ရှိ တပ်စခန်း ၆၀ ကျော်ကို စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့သတင်း နဲ့အတူ - ရုပ်ရှင်ဝေဖန်သူကို နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြားစေသည်ဟု ခေါင်းစဉ်တပ်၍ စစ်ကောင်စီ ဖမ်းဆီး၊ မိသားစုနှင့် တွေ့ခွင့်မရသေး တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ ကလေးငယ်တွေအပါအဝင် ရွှေပြောင်းနေထိုင်သူ ၅ သိန်းနီးပါး နိုင်ငံသားဖြစ်ခွင့် ထိုင်းအတည်ပြုလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။ နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်း အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr 10 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.