Mizzima 108FM ၏ ဧပြီလ ၉ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM April 9 at 6:30 PM
ဧပြီလ ၉ ရက် စနေနေ့ည မဇ္ဈိမရေဒီယိုရဲ့ သတင်းများ
ဒီနေ့ညရဲ့သတင်းတွေထဲမှာတော့
- အင်းစိန်မြို့နယ် မြကန်သာ ဂေါက်ကွင်းအတွင်း ရှော့တိုက်ဒုံးဟုယူဆရသည့်အရာဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား
- စစ်ကောင်စီတပ် ရှို့သည့်မီးကို PDF မှ မီးရှို့သည်ဟု တပ်ထောက်ခံသူများ သတင်းမှားဖြန့်နေ
- တီးတိန်မြို့ရှိ ကုန်စုံဆိုင်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်ဘိန်းဖြူအချို့ ဖမ်းမိ စတဲ့
ပြည်တွင်းသတင်းတွေကို နားဆင်ကြရဖို့ ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာသတင်းများ၊ စီးပွားရေးသတင်းများတွေနဲ့အတူ အပတ်စဉ် တင်ဆက်ပေးနေတဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ တိုင်းရင်းသားတွေရဲ့ အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယို အစီအစဉ်ကို နားဆင်ကြရမှာပါ။