Mizzima 108FM ၏ မတ်လ ၃၁ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM March 31 at 6:30 PM
မတ်လ ၃၁ ရက် ကြာသပတေးနေ့ည၊ Mizzima ရေဒီယိုရဲ့ သတင်းများ
ဒီနေ့ညရဲ့သတင်းတွေထဲမှာတော့
- ဖရူဆိုရဲစခန်း တိုက်ခိုက်မှု စစ်ကောင်စီတပ် အရာရှိ အပါအဝင် ၈ ဦးသေဆုံး ဟုဆို
- လကသာမြို့နယ်တွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရ
- မတူပီ မင်းတပ် လမ်း၌ စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲပြင်းထန်နေ စတဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရဖို့ ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာသတင်းများ၊ စီးပွားရေးသတင်းများတွေနဲ့အတူ “စစ်ကောင်စီက သင်္ကြန်ပွဲ ပြုလုပ်ဖို့ စီစဉ်နေတဲ့အပေါ် ပြည်သူတွေရဲ့ သဘောထားအမြင်” စတာတွေကို တင်ဆက်ပေးပါမယ်။
အဲ့ဒီနောက်မှာတော့ တိုင်းရင်းသားတွေရဲ့ အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယို အစီအစဉ်ကို နားဆင်ကြရမှာပါ။