Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • အောက်တိုဘာလ ၂၈ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

     - ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးတယ်ဆိုတဲ့သတင်း


    - အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်တော့မယ်လို့ BPLA တာဝန်ခံပြောတဲ့အကြောင်း


    -  ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီကနယ်မြေရှင်းလင်းပြီး  ရိက္ခာလုယက်နေတဲ့ သတင်း  


    - ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ဇိုမီးအမျိုးသားတို့ရဲ့ ခွာဒိုပွဲတော် ကျင်းပတဲ့ အကြောင်းတွေအပါအ၀င် စိတ်ဝင်စားဖွယ်နဲ့  အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    16 min
  • အောက်တိုဘာလ ၂၈ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးသွားတယ်လို့ဆိုလိုက်တဲ့သတင်း နဲ့အတူ -ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီကနယ်မြေရှင်းလင်းပြီး ရိက္ခာလုယက်နေတယ်လို့ဆိုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ စစ်ကောင်စီနဲ့ ရုရှား ရေတပ်တို့ ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်နေတဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့Cele City အစီအစဉ် ကို နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ မရွှေနွယ်နဲ့ အတူ တင်ဆက်ပေးပါမယ်ရှင်။

    33 min
  • အောက်တိုဘာလ ၂၇ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် စစ်ကောင်စီက လောက်ကိုင်နှင့် နမ့်ခမ်းကို ဗုံးကြဲလိုက်တဲ့သတင်း နဲ့အတူ -သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်မှု NUG ရှုတ်ချလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။နောက်ထပ်အပတ်စဉ်ကဏ္ဏအနေနဲ့ | Key To Health အစီအစဉ်ရဲ့ "ကလေးများနှင့် မျက်လုံးကျန်းမာရေး" အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    58 min
  • အောက်တိုဘာလ ၂၇ ရက်၊ တနင်္ဂနွေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    အောက်တိုဘာလ ၂၇ ရက်၊ တနင်္ဂနွေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... အင်အားကြီးနိုင်ငံတွေကြားက မြန်မာနိုင်ငံကို သွေးခွဲနေကြကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းပြောလိုက်တဲ့သတင်းနဲ့အတူ -မြဝတီတွင် BGF များစီးနင်းလာသည့်ကားက ဆိုင်ကယ်ကိုဝင်တိုက်သဖြင့် လူငယ် ၂ ဦးသေဆုံးခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆွေးနွေးဖို့ အာဆီယံ ရဲအဖွဲ့ညီလာခံ နေပြည်တော်မှာ ကျင်းပတဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။ ဂျူချန်း အတူ တင်ဆက်ပေးပါမယ်ရှင်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    36 min
  • အောက်တိုဘာလ ၂၆ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    အောက်တိုဘာလ ၂၆ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ပြင်းထန်တိုက်ပွဲကြောင့် စစ်ရှောင်နေသည့် ပဒုံရွာဒေသခံများ နေအိမ်ပြန်ရန် စစ်ကောင်စီဖိအားပေး နေတဲ့သတင်း နဲ့အတူ -AA၏ထိုးစစ် အမ်း နပခဌာနချုပ်နှင့် နီးသထက် နီးလာတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်မှုထမ်းသင်တန်း စုဆောင်းခံရသူ နှစ်သောင်းကျော် ရှိလာပြီး အပတ်စဉ် ၆ အတွက် ထပ်မံစုဆောင်နေတဲ့သတင်း ကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ် အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ဂျူချန်းနဲ့အတူတင်ဆက်ပေးပါမယ်ရှင်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr 4 min
  • အောက်တိုဘာလ ၂၆ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ .....ဖမ်းဆီးထားတဲ့ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်တွေကိစ္စ ရက်ပိုင်းအတွင်းဆုံးဖြတ်မယ်လို့ ခင်ဦးပအဖပြောတဲ့သတင်းနဲ့အတူ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး လူ့အခွင့်အရေးနဲ့ လူမှုတရားမျှတမှုဆိုင်ရာ ကျန်းမာရေးလုပ်ဆောင်ချက်တွေအတွက် ပေးအပ်တဲ့ The Edward Barsky Award ဆု ချီးမြှင့်ခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Human Rights Barometer” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    36 min
  • အောက်တိုဘာလ ၂၅ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဉ်

    - တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို ဆက်တိုက်သွားမယ်လို့ KIA ပြောတဲ့သတင်း


    - လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတဲ့သတင်း


    - စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေမယ့် ဒေါ်လာဈေး တက်ရိပ်ပြနေတဲ့အကြောင်း


    - အရှေ့အလယ်ပိုင်းက ‘တင်းပြည့်စစ်ပွဲ’ ချောက်ကမ်းပါးစွန်းမှာ ရှိနေကြောင်း ပူတင် ပြောတဲ့သတင်း


    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    30 min
  • အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ ညမှာတော့ .....တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို ဆက်တိုက်သွားမယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ပြောတဲ့သတင်းနဲ့အတူ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်တော်စပ်သူ ဒေါက်တာနေစိုးမောင် ကို စစ်ကောင်စီ ဖမ်းဆီးအရေးယူတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါး ကဏ္ဍနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Human Rights Barometer” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr 2 min
  • အောက်တိုဘာလ ၂၅ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    - ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC/MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံခံရန် ရည်ရွယ်ရေးသားခဲ့ခြင်း မဟုတ်တဲ့အကြောင်းထုတ်ပြန်


    - ချင်းအမျိုးသားတက္ကသိုလ်(CNU)အကြိုကောလိပ် ဒီနှစ်ကုန်မှာ စတင်ဖွင့်မယ်


    - အမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ထောင် ၁၀ နှစ်ချမှတ်ခံရ


    - စစ်ကိုင်း၊ ဆားတောင်ရဲစခန်းတွင် စစ်သား မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲမှုစစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး သတို့သား အပါအဝင် ၁၂ ဦး ဒဏ်ရာရဟုဆို

    7 min
  • အောက်တိုဘာလ ၂၅ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    - ချစ်သူအမျိုးသမီးကို ပစ်သတ်တဲ့ PDF ဒုတပ်ခွဲမှူးကို NUG တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ်၁၀ နှစ်ချမှတ်

    - နေ့ခင်းကြောင်တောင် ချင်းစစ်ဘေးရှောင်အိမ် ဖေါက်ထွင်းခံရပြီး ရူပီး တစ်သောင်းနီးပါးပါသွား

    - ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝပေးမယ်ဆိုတဲ့MTC/MDF ထုတ်ပြန်ခဲ့ဘူးတဲ့စကားရပ်ဟာ IMC/CDF-Mara ကိုလက်နက်ချအညံ့ခံရန်ရည်ရွယ်ရေးသားခဲ့ခြင်း မဟုတ်တဲ့ အကြောင်း ထုတ်ပြန်

    - ထန်တလန်မြို့တွင်းတိုက်ပွဲမှာ CNA သုံးပွင့်ဗိုလ်တစ်ဦးကျဆုံး

    - တမူးမြို့မှာ အမျိုးသမီးနဲ့ကလေးငယ် အပါဝင် ဒေသခံ ၇ ဦးဖမ်းဆီးခံရ

    11 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.