ဒီကနေ့မနက်မှာတော့ -၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးသွားတယ်လို့ဆိုလိုက်တဲ့သတင်း နဲ့အတူ -ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီကနယ်မြေရှင်းလင်းပြီး ရိက္ခာလုယက်နေတယ်လို့ဆိုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ စစ်ကောင်စီနဲ့ ရုရှား ရေတပ်တို့ ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်နေတဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့Cele City အစီအစဉ် ကို နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ မရွှေနွယ်နဲ့ အတူ တင်ဆက်ပေးပါမယ်ရှင်။