Mizzima 108FM ၏ မတ်လ ၂၃ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM March 23 at 6:30 PM
မတ်လ ၂၃ ရက် ဗုန္ဓဟူးနေ့ည၊ Mizzima ရေဒီယိုရဲ့ သတင်းများ
ဒီနေ့ညရဲ့သတင်းတွေထဲမှာတော့
- သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ပရဟိတ လူငယ် သေဆုံးသွားပါတယ်။
- မုံရွာမြို့ လူမှုကယ်ဆယ်ရေးအသင်းယာဉ်မိုင်းဆွဲခံရမှုကြောင့် ကူညီမှုများ ရပ်နားထားပါတော့မယ် ။
- မြောက်ဒဂုံမြို့နယ်တွင် ဒလန်သတင်းပေးမှု ကြောင့် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီးသွားတာကိုလည်း နောက်ပိုင်းမှာ နားဆင်ကြရမှာပါ။
ဒါ့အပြင် နိုင်ငံတကာသတင်းတွေဘက်မှာတော့
- ရုရှားရဲ့ကျူးကျော်မှုနောက်ပိုင်း ဖျော်ဖြေရေးကနေ သတင်းဌာနဖြစ်လာတဲ့ အသံလွှင့်ရေဒီယို
-ပျက်ကျခဲ့တဲ့ China Estern ဂျက်လေယာဉ်ရဲ့ အပျက်အစီးတွေကို ကယ်ဆယ်ရေးအဖွဲ့များရှင်းလင်း စတဲ့နိုင်ငံတကာသတင်းတွေ အပြင် စီးပွားရေးသတင်းတွေနဲ့ အပတ်စဥ်တင်ဆက်ပေးနေကြဖြစ်တဲ့ Nature Article အစီအစဥ်အပြင် “ သင်္ကန်းဝတ်တွေ လက်နက်တပ်ပေးပြီး သာသနာဖျက်နေတဲ့ စစ်တပ်” ဆိုတဲ့ ဆောင်းပါးကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ တိုင်းရင်းသားတွေရဲ့ အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယို အစီအစဉ်ကို နားဆင်ရမှာပါ။