Mizzima 108FM ၏ မတ်လ ၁၈ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM March 18 at 6:30 PM
မတ်လ ၁၈ ရက်၊ သောကြာနေ့ည Mizzima Radio ရဲ့ သတင်းများ
ဒီနေ့ညရဲ့သတင်းတွေထဲမှာတော့..
- ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ ၈ ဦး သေ
- လှိုင်သာယာမြို့နယ် သောင်ကြီး ရဲစခန်း M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခံရတဲ့ သတင်းတွေနဲ့အတူ
- ဝန်ထမ်းများ၏ လုပ်ခများလျှော့ချသည့် Food Panda ကုမ္ပဏီကို သပိတ်မှောက်ရန် တော်လှန်ရေးအဖွဲ့များ နှိုးဆော်နေတဲ့ သတင်းလွှာကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။
ဒါ့အပြင် စီးပွားရေးတင်းတွေ၊ နိုင်ငံတကာ သတင်းတွေဘက်မှာတော့
- မက္ကဆီကိုမှာ ယခုနှစ်အတွင်း ၈ ဦးမြောက် သတင်းထောက်အသတ်ခံခဲ့ရ
- တောင်ကိုရီးယားမှာ တစ်ရက်တည်း အိုမီခရွန်စံချိန်တင်ကူးစက်မှု ၄ သိန်းအထိရှိလာအစရှိတဲ့သတင်းတွေအပြင် “နွေဦးတော်လှန်ရေးအတွက် ဒီမာဂေါ့တွေ မလိုချင်ဘူး” ဆိုတဲ့ သတင်းဆောင်းပါးနဲ့ BNI ရေဒီယို အစီအစဉ်တွေကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်ရှင်။