Mizzima 108FM ၏ မတ်လ ၁၅ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM March 15 at 6:30 PM
မတ်လ ၁၅ ရက်၊ အင်္ဂါနေ့ည Mizzima Radio ရဲ့ သတင်းများ
ဒီနေ့ညရဲ့သတင်းတွေထဲမှာတော့..
− မော်လိုက်မြို့နယ်တွင် ပျူစောထီးသင်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဗိုလ် အပါအဝင် ၄ ဦး သေဆုံး
− ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ယာဉ်၂ စီးမိုင်းထိမှန်
− ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်
စတဲ့ ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေဘက်မှာတော့
− ရုရှားရဲ့ယူကရိန်းကျူးကျော်မှုအပေါ် တရုတ်မီဒီယာတွေက သတင်းမှားဖြန့်ဝေနေပါတယ်။
− ဗိုင်းရပ်စ်ပျံ့နှံမှုကြောင့် တရုတ်နိုင်ငံမြိုကြီးတွေမှာ စက်ရုံတွေကို ပိတ်ပစ်ခဲ့ရတဲ့ နိုင်ငံတကာ သတင်းတွေ နားဆင်ရပါမယ်။
ပြီးရင်တော့ “ပျက်ဦးမယ့် မီးနဲ့ ငွေသုံးကြမ်းတဲ့ စကစ” ဆိုတဲ့ သတင်းဆောင်းပါးနဲ့ BNI ရေဒီယို အစီအစဉ်တွေကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်။