Mizzima 108FM ၏ ဇန်နဝါရီလ ၂၃ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM January 23 at 6:30 PM
ဇန်နဝါရီ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ ည mizzima Radio ရဲ့ သတင်းများ
ပျူစောထီးအဖွဲ့၏ စစ်သင်တန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီးဆိုသူ ၃ ဦး သေဆုံးဟုဆို
မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ ထုတ်လုပ်ထားသည့် မိုင်းဖြင့် စစ်ကောင်စီတပ်အား မိုင်းစစ်ဆင်ရေး ပြုလုပ်
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို PDF တိုက်ခိုက်၊ စစ်ကောင်စီ ယာဉ်၁စီး မီးလောင်ပြီး ထိခိုက်မှုများနိုင်ဟုဆို
ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တလျောက် တပ်ဖွဲ့ဝင်များ တပ်ချထားမည်ဟု တာလီဘန်တို့ ပြော
တရုတ်ပြည်မကြီးတွင်မွေးဖွားပြီး ဟောင်ကောင်မှ နေထိုင်ခွင့် လာရောက် လျှောက်ထားသူများကို ထိုင်ဝမ်က ငြင်းပယ်ထား
စတဲ့သတင်းတွေကို တင်ဆက်ပေးမှာပါ။
ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းတွေ၊ နိုင်ငံတကာ သတင်းတွေအပြင် ၊ အပတ်စဉ် တင်ဆက်ပေးနေတဲ့ နွေဦးသူရဲကောင်းများ အစီအစဉ်နဲ့ BNI အစီအစဉ်တွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။