Mizzima 108FM ၏ ဇန်နဝါရီလ ၁၉ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM January 19 at 6:30 PM
ဇန်နဝါရီ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့ ည mizzima Radio ရဲ့ သတင်းများ
- ထီးချိုင့်မြို့နယ်တွင်း တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ဦး ကျဆုံး
- ချင်းပြည် ဇိုတုန်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးဟု CDF- Zotung ထုတ်ပြန်
- ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံးဟုဆို
- ၁၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးဟု KNU ထုတ်ပြန်
- ထားဝယ် အခြေစိုက် Dawei Watch သတင်းဌာန သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ
- နှစ်ကြာပိတ်ဆိုခဲ့ပြီးနောက် မြောက်ကိုရီးယားနဲ့ ကုန်တင်ရထားကူးသန်းမှု ပြန်လည်စတင်ခဲ့
- ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုတွေက ကပ်ဘေးဆိုးတွေကို ဖိတ်ခေါ်နေတယ်လို ရှီကျင့်ဖျင်ပြောကြား စတဲ့ သတင်းတွေကို နားဆင်ကြရမှာပါ။
ပြည်တွင်းသတင်းတွေအပြီးမှာတော့ စီးပွားရေးသတင်းတွေ၊ နိုင်ငံတကာသတင်းတွေ၊ နားဆင်ခံစား ဆောင်းပါးများ အစီအစဉ်၊ Nature Article အစီအစဉ်နဲ့ BNI အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါ တယ်။