Mizzima 108FM ၏ ဇန်နဝါရီလ ၁၆ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM January 16 at 6:30 PM
ဇန်နဝါရီ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ ည mizzima Radio ရဲ့ သတင်းများ
-တမူးမြို့ပေါ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၄ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဆို
-နမခ တိုင်းမှူး အပြောင်းအလဲအပြီး ချင်းပြည် စစ်ရေး ပိုပြင်းထန်လာ၊ ပလက်ဝမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်အားလုံး တိုက်ပွဲများဖြစ်
-တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်မှ လူသစ်စုဆောင်းနေ
-အလုံမြို့နယ်ရှိ ထူးစက်သုံးဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်း
- မြိုင်မြို့နယ် လက်ယက်မရွာသား ၃ ဦးကို စစ်တပ်က သတ်ဖြတ်မီးရှို့
-ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသည့် ၅၀၅(က)အမှု စွဲချက်တင်
- ထိုင်းနိုင်ငံ နယ်စပ်ဂိတ် ၂ နေရာ၌ မြန်မာနိုင်ငံသား ၂၆၀ ကျော် ထပ်မံ ဖမ်းဆီးခံရ စတဲ့သတင်းတွေကို ပြောပြပေးမှာပါ။
သတင်းတွေအပြင် စီးပွားရေးသတင်းတွေ၊ နိုင်ငံတကာသတင်းတွေ၊ နွေဦးသူရဲကောင်းများ အစီအစဉ် နဲ့ BNI အစီအစဉ်တွေကိုလဲ နားဆင်ရဖို့ရှိပါတယ်။