Mizzima 108FM ၏ ဇန်နဝါရီလ ၃ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM January 3 at 6:30 PM
ဇန်နဝါရီ ၃ ရက်နေ့ တနင်္လာနေ့ည mizzima Radio ရဲ့ သတင်းတွေကို ကျမဝေယံမိုးမြင့် နဲ့အတူ မှုးကပါ တင်ဆက်ပေးမှာပါ။
ရန်ကုန် မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရ၊ အရာရှိ ၁ ဦး သေဆုံး
ကရင်နီပြည်တွင် ခုနှစ်လအတွင်း စစ်ကောင်စီတပ်သား ၂၅၀ နီးပါး သေဆုံးခဲ့ဟု KNDF အစီရင်ခံ ထုတ်ပြန်
ဖမ်းဆီးခံခဲ့ရသည့် ဓာတ်ပုံသတင်းထောက်နှင့် သမဂ္ဂ ကျောင်းသူ မိသားစုနှင့် အဆက်သွယ်မရသေး
ပလက်ဝမြို့က ပရဟိတလူငယ်ကို စစ်တပ်အတွင်း ဖမ်းဆီးထား
ကန်ပက်လက်မြို့တွင် လူမနေသည့် နေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီတပ် လိုက်လံပြောဆို
အနည်းဆုံး လုပ်ခလစာနှုန်း လျှော့ချခံရမည့် အရေးနှင့်ရင်ဆိုင်နေရသည့် အခြေခံလူတန်းစားများ
စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊ နိုင်ငံတကာသတင်းတွေ၊ နားဆင်ခံစားဆောင်းပါးများအစီအစဉ်နဲ့ BNI အစီအစဉ်တွေကို တက်ဆက်ပေးဖို့ရှိပါတယ်။