Mizzima 108FM ၏ ဒီဇင်ဘာလ ၁၀ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM December 10 at 6:30 PM
Mizzima Radio ရဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ သောကြာနေ့ ည သတင်းတွေတွေကို ကျမ မှုးနဲ့ မ ဝေယံမိုးမြင့် တို့က တင်ဆက်ပေးမှာပါ။
Silent Strike သပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး တချို့နေရာတွေမှာ စစ်ကောင်စီတပ်တွေ ရမ်းကားနေ
ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်က အမျိုးသား ၁ ဦးအား လမ်းပြအဖြစ် အသုံးပြုပြီးနောက် ပစ်သတ်သွားဟုဆို
ပုလဲ-ဂန့်ဂေါလမ်း လှိုင်ချောင်းလမ်းခွဲတွင် ရဲကား မိုင်းဆွဲခံရ
ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက် ကျဆုံးမှုရှိဟု CDF Kanpetlet ထုတ်ပြန်
တောင်ဒဂုံ (၅၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်
လှိုင်သာယာမြို့နယ် ဒိတ်ကုန်း အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်
Silent Strike နေ့ ဈေးမဖွင့်ကြ၍ ပုလဲမြို့မဈေးဆိုင်ခန်းများကို မီးရှို့မည်ဟု စစ်ကောင်စီခြိမ်းခြောက်
သထုံမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ၅ ခု မဟာမိတ်အဖြစ် ပူးပေါင်း
စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာပါ။
ပြည်တွင်းသတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊ စီးပွားရေးသတင်းတွေ၊ ၊ နိုင်ငံတကာသတင်းတွေ ၊နားဆင်ခံစား ဆောင်းပါးများအစီအစဉ်နဲ့ BNI အစီအစဉ်တွေကို တင်ဆက်ပေးမှာပါ။