Mizzima 108FM ၏ အောက်တိုဘာလ ၁၈ ရက် ညပိုင်း ၈ နာရီထိ နောက်ဆုံးရသတင်များ
Update News on Mizzima 108FM October 18 at 8PM
- ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ကားကို KNLA တိုက်ခိုက်၊ တပ်ရင်းမှူးကတော်အပါအဝင် ကားပေါ်ပါလာသူ ၇ ဦးစလုံးသေဆုံး
- မန္တလေးလူငယ်များ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ၊ ဦးရေ ၂၀ ထက်မနည်း ဖမ်းဆီးခံရ
- အကျဉ်းကျခံနေရသူ ၁,၃၁၆ ဦးနှင့် တရားစွဲဆိုခံထားရသူ ၄,၃၂၀ ဦးကို လွှတ်ပေးကြောင်း စစ်ကောင်စီကြေညာ
- စစ်ကောင်စီ ယနေ့ ပြန်လွှတ်မည့်စာရင်းတွင် သတင်းသမားအချို့ ပါဝင်နေ၊ အနုပညာရှင် ၂၄ ဦးနှင့် ထင်ပေါ်ကျော်ကြားသူ ၁၀ ဦးပါဝင်
- တွံတေးမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
- UEC က ဆွေးနွေးမည့် အချိုးကျကိုယ်စားပြုစနစ် ရခိုင်ဦးဆောင်ပါတီတက်မည်
- နိုင်ငံခေါင်းဆောင်များ၏ အမှုအခြေအနေများပြောဆိုခွင့် အမှုလိုက်ရှေ့နေလေးဦးအထိ ပိတ်ပင်ခံရ
- အဆိုတော်ကျားပေါက်ကို မိဘများက အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာ
- ကြောက်လို့ ရမ်းကားနေတဲ့ မင်းအောင်လှိုင် (ဆောင်းပါး) နဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။