Mizzima 108FM ၏ စက်တင်ဘာလ ၁၇ ရက် ညပိုင်း ၈နာရီထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM September 17 at 8PM
- ကလေး ကိုးမိုင်ရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦးသေဆုံး
- စစ်ကိုင်းတိုင်း ခင်ဦးနယ်တွင် အသတ်ခံရသည့် ဒလန် ၂၂ ဦးအထိရှိလာ
- ဒေါပိုးစီရွာနှင့် စံပြ (၆)မိုင်ကျေးရွာအနီး တိုက်ပွဲတွင် KA ဘက်မှ တပ်ကြပ်ကြီးတစ်ဦးကျဆုံး
- ရန်ကုန်တိုင်း၊ လှည်းကူး Mytel တာဝါတိုင် မီးရှို့သူဟုစွပ်စွဲကာ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး
- ပုသိမ်မြို့ရှိ ကဗျာဆရာတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
- မန္တလေးမြို့ ဖလမ်းနှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော်ကြီးကို စစ်ကောင်စီဖမ်းဆီးပြီး ငွေကျပ် သိန်း ၄၀ ယူဆောင်သွား
- စစ်ကောင်စီ ယာဉ် ၃စီးကို ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ် မိုင်းဆွဲတိုက်ခိုက်
- ဖားကန့်တွင် Mytel တာဝါတိုင်စက်တစ်လုံး မိုင်းဆွဲ ဖောက်ခွဲခံရ
- CDF ဟာခါး ထံသို့ စစ်သား ၆ ဦး နှင့် ရဲဝန်ထမ်း ၁၅၀ကျော် CDM ဝင်ရောက်လာ
- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသော အဂတိမှုများအတွက် အောက်တိုဘာ ၁ ရက်တွင် စတင်စစ်ဆေးမည်
- လက်သင့်ရာနဲ့ သွားတဲ့ စီးပွားရေးစနစ် ပြန်လည်လာပြီလား (ဆောင်းပါး) နဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။