Sign up to save your podcasts
Or

Politics on Mizzima 108FM September 9
Mizzima 108FM ၏ စက်တင်ဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
တပ်က လူတွေလေးစားမယ့် အခင်းအကျင်း ရှိဖို့ လိုပြီ...
We need a new scenario
လက်ရှိမှာ နည်းပေါင်းစုံနဲ့ လူထုဘက် ရပ်တည်လာတဲ့ ပြည်သူ့စစ်သားကောင်းတွေ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ ရှိသလို ပူးပေါင်းလာဖို့ တာဆူနေသူတွေလည်း တပုံတပင်ကြီး ရှိနေပါတယ်။ ပူးပေါင်းဖို့ တာဆူနေသူတွေအတွက် မူဝါဒကောင်းတွေ၊ အစီအစဉ်ကောင်းတွေ ကိုလည်း NUG က စီမံနေပါတယ်။ သို့သော် နှစ်ကာလကြာရှည် လက်နက်ကိုင်လာတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဥပဒေကြောင်းတွေနဲ့ စကားပြောဖို့ လိုအပ်သလို တစ်ဖက်မှာလည်း စစ်သားဆို စစ်သားလို၊ ရဲသားဆို ရဲသားလို ပြောဆိုစည်းရုံးနိုင်မယ့် ခေါင်းဆောင်တွေကို ရှေ့ထွက်ခိုင်းဖို့ လိုပါပြီ။ လက်ရုံးရည်ကော၊ နှလုံးရည်ကော ပြည့်ဝတဲ့ လူထုလက်နက်ကိုင်တပ်ဖွဲ့တွေကို စကား ပြောခိုင်းဖို့ လိုပါပြီ။ လက်နက်ကိုင်တပ်ဟာ အရပ်သားအစိုးရ လက်အောက်ရှိရမယ်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ အုပ်ချုပ်သူအစိုးရအဖွဲ့မှာ ရှိရမှာ ဖြစ်ပေမယ့် လက်နက်ကိုင်တပ်တွေမှာ လက်အောက်ခံ တပ်သားတွေကို စစ်သားပီပီ စကားပြောနိုင်တဲ့ ခေါင်းဆောင်တွေ ရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးသမားကို နိုင်ငံရေးသမားလို ပြောရပြီး စစ်သားကို စစ်သားလို ပြောရမယ်ဆိုတဲ့ သဘောသဘာဝကို သတိချပ်ဖို့ လိုပါတယ်။
By Mizzima RadioPolitics on Mizzima 108FM September 9