Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
ကမောက်ကမ စျေးကွက်နောက်ကွယ်မှာ ဘာတွေရှိနေသလဲ
Politics on Mizzima 108FM October 5
NUG နဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေဟာ လက်နက်ကိုင်တော်လှန်မှုအတွက် လက်နက်မှောင်ခိုစျေးကွက်မှာ မြန်မာကျပ်ငွေ သုံးမရဘူးဆိုတာကို စစ်အုပ်စုက ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် ပြည်တွင်းအင်အားစုတွေက တန်ဖိုးကျဆင်းနေတဲ့ ပြည်တွင်းကျပ်ငွေ သုံးပြီး ဒေါ်လာ၊ ထိုင်းဘတ်နဲ့ ရွှေတွေ ဝယ်ယူပြီး တော်လှန်ရေးအင်အားစုတွေဆီ ပို့ပေးနိုင်တဲ့ အခြေအနေကို တွက်ဆပြီး စစ်အုပ်စုဟာ ပြည်တွင်းက သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပေါင်းပြီး စျေးကစားမှုတွေ၊ ငွေစျေးဆွဲတင်မှုတွေ လုပ်ပြီး ပြည်တွင်းကျပ်ငွေ တန်ဖိုး ကျသထက် ကျအောင် လုပ်နေကြတာ ဖြစ်ပါတယ်။စစ်အုပ်စုဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးချွတ်ခြုံကျမှုတွေဟာ သူတို့ကို မထိခိုက်ဘူးလို့ တွက်ဆထားသူတွေ ဖြစ်ပါတယ်။ နိုင်ငံ စီးပွားပျက်သွားမယ်၊ နိုင်ငံ့ငွေတန်ဖိုး ကျဆင်းသွားမယ် ဆိုတာတွေကို နိုင်ငံအတွက် ထည့်သွင်းစဉ်းစားသူတွေလည်း မဟုတ်ပါဘူး။ သူတို့ စဉ်းစားတာသည် အာဏာ ဆက်လက်ကိုင်စွဲထားရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ခေါင်းမထောင်လာနိုင်ရေး ဖြစ်ပါတယ်။ ဒီ့အတွက်လည်း ဘယ်သူသေသေ ငတေမာရင် ပြီးရောမူနဲ့ နိုင်ငံကို လက်နက်နဲ့ ထိန်းချုပ်နေတဲ့အပြင် နိုင်ငံ့စီးပွားအပျက်ခံပြီး၊ လူထု ဘဝတွေ အပျက်ခံပြီး ထင်တိုင်းကြဲ လုပ်ချင်ရာ လုပ်နေတာ ဖြစ်ပါတယ်။ နောင်ကိုလည်း ဆက်လုပ်နေဦးမှာ ဖြစ်ပါတယ်။ စတဲ့သတင်းတွေနဲ့အတူ နောက်ဆုံးရပြည်တွင်းနှင့်နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်