Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၆ ရက် နားဆင်ခံစားဆောင်းပါးများ
Politics on Mizzima 108FM October 6
ဘာသာရေးဟာ စစ်အုပ်စုအတွက် အသုံးချစရာ သက်သက်သာ...
ဘာသာတရားတိုင်းကို လေ့လာကြည့်ရင် နှုတ်ဖြင့် လည်းကောင်း၊ လက်ဖြင့် လည်းကောင်း၊ နောက်ဆုံး စိတ်ဖြင့် လည်းကောင်း ယုတ်မာရိုင်းစိုင်းတာ၊ လူတွေကို သေသည်အထိ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တာကို မကောင်းမှု၊ ဒုစရိုက်မှုအဖြစ် သတ်မှတ် ထားပါတယ်။ တတ်နိုင်သရွေ့ လူအချင်းချင်း ရိုင်းပင်းကူညီရမယ်၊ ကြင်နာသနားရမယ် ဆိုတာကိုပဲ ကျင့်ဝတ်တစ်ခုလို၊ အလေ့အထ တစ်ခုလို ကျင့်ကြံကြဖို့သာ လမ်းညွှန်ထားကြလေ့ ရှိပါတယ်။ တစ်ဦးအပေါ် တစ်ဦး မေတ္တာထားကြဖို့ကိုသာ အစဉ် တိုက်တွန်းလေ့ ရှိပါတယ်။ ဖြောင့်မတ်မှန်ကန်မှုကို ကျင့်ဝတ်တစ်ခုလို ဆွဲကိုင်ကျင့်သုံးခိုင်းထားပါတယ်။သို့သော် ဒီလမ်းညွှန်ချက်တွေ၊ တိုက်တွန်းချက်တွေ၊ ကျင့်ဝတ်တွေဟာ မြန်မာပြည်က စစ်ဝါဒီတွေ၊ စစ်ခေါင်းဆောင်တွေအတွက်တော့ အသုံးချစရာတစ်ခုသာသာပဲ သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း တပ်တွင်းလျှို့ဝှက်စာစောင်တွေမှာတောင် ဘာသာတရားရဲ့ အဆုံးအမ၊ ကျင့်ဝတ်တွေကို လိုသလို ပုံဖော်ပြီး တပ်တွင်းစည်းရုံးရေး၊ သင်ကြားရေးတွေမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၆ ရက် နားဆင်ခံစားဆောင်းပါးများ