Mizzima 108FM

Mizzima 108FM Politics


Listen Later

Mizzima 108FM ၏ နိုဝင်ဘာလ ၁၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်

Politics on Mizzima 108FM November 15


တစ်ရက်ကို ခုခံတော်လှန်မှု ၃၈ ကြိမ်အထိ ရှိခဲ့တဲ့ တော်လှန်ရေးတစ်လတာ


စစ်အုပ်စုကို လက်နက်ကိုင် ခုခံတော်လှန်စစ် ပြုလုပ်မှုတွေဟာ တိုင်းနဲ့ ပြည်နယ်အနှံ့ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ခုခံတော်လှန်မှုဖြစ်တဲ့ ဗုံးပေါက်ကွဲမှုနဲ့ တိုက်ပွဲဖြစ်ပွားမှုနှုန်းဟာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ၃၈ ကြိမ်အထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။အောက်တိုဘာ ၇ ရက်ကနေ နိုဝင်ဘာလ ၆ ရက်အထိ တစ်လအတွင်း နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲခဲ့ရာမှာ တိုက်ပွဲပေါင်း ၆၀၈ ကြိမ်အထိ ရှိပြီး ဗုံးပေါက်ကွဲမှုပေါင်း ၅၂၉ ကြိမ်အထိ ရှိခဲ့ပါတယ်။NUG ပြည်ထဲရေးနဲ့ လဝကဝန်ကြီးက တစ်လတာအတွင်း ပြည်သူ့ခုခံတော်လှန်စစ်ကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်တွေဘက်က သေဆုံးမှုဟာ ၁၉၇၄ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ တိုက်ပွဲနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ပျမ်းမျှအားဖြင့် တစ်ရက်ကို ၆၇ ဦးနီးပါး သေဆုံးနေတယ်ဆိုတဲ့ သဘောပါပဲ။ 


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio