Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 9
စစ်အုပ်စုခေါင်းဆောင် သွေးပျက်မှုက စစ်အုပ်စု နိဂုံးဖြစ်လာပြီလား...
ဒီကနေ့ အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ဟာ စစ်ဘက်ခေါင်းဆောင်တစ်ဦးမှာ ရှိသင့်ရှိအပ်တဲ့ လိုအပ်ချက်တွေနဲ့ မပြည့်စုံတော့ဘူးလို့ ဆိုရမှာပါ။ စစ်အုပ်စုကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDFတွေအပြင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ရှိနေတဲ့ လူထုကြားထဲက ခုခံတော်လှန်ရေးသမားတွေဟာ တိုက်ပွဲတွေ ဖော်ဆောင်ရင်း ခေါင်းဆောင်မှု အရည်အချင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းနေချိန်မှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြောင်းပြန် ဖြစ်နေပါတယ်။ အနီးကပ်ဆုံး အဖြစ်အပျက်ကို ပြောရရင် ကချင်ကို လာရင် ဆော်မယ် ပစ်မယ်။ ပူတာအိုကို လာရင် ပစ်မယ်လို့ ဆိုလိုက်တာနဲ့ ခရီးစဉ်ကို ဖျက်ပြီး ဂုဏ်သိက္ခာဆယ်တဲ့အနေနဲ့ တခြားသူကို လွှတ်တာ ကြည့်ရင် မြင်နိုင်ပါတယ်။သူ့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ EAO တွေ PDF တွေကြောင့် နယ်မြေစုံ၊ ဒေသစုံမှာ ထိခိုက်နေချိန် ဗိုလ်မင်းအောင်လှိုင်က လာရင် ပစ်မယ်ဆိုတာနဲ့ ခရီးစဉ်ပါ ဖျက်ပစ်လိုက်တာကို ကြည့်ရင် ကြောက်စိတ်ရှိနေတာ၊ သူ့ကို ကာကွယ်မယ့် ဒေသမှာ ရှိတဲ့ ကိုယ့်ရဲ့တပ်ဖွဲ့အပေါ် အယုံအကြည်မရှိတာ၊ စိတ်ဓာတ်ရေးရာအရ အနိမ့်ဆုံးကို ရောက်နေတာကို ပြနေတာပဲ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်