Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၁၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 11
မတရားမှု မှန်သမျှ တာဝန်အရ အားလုံး ဖီဆန်ကြ
နိုင်ငံကို မတရား အာဏာသိမ်း သေနတ်မိုးထားတဲ့ စစ်အုပ်စုလက်အောက်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတိုင်းဟာ အသက်မဝင်ပါဘူး။ ဘာလို့ဆိုရင် သူတို့ဟာ တရားဥပဒေအရ နိုင်ငံ့အုပ်ချုပ်ခွင့် ရထားသူတွေ မဟုတ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီစစ်ဝါဒီတွေ ထုတ်သမျှ အမိန့်၊ ညွှန်ကြားချက်တွေလည်း တရားမဝင်သလို သူတို့လက်အောက်ခံ တရားရုံးတွေကို အသိအမှတ်ပြုစရာ မလိုပါဘူး။ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေက ဆုံးဖြတ်တဲ့ စီရင်ချက်တိုင်းဟာလည်း စစ်အုပ်စုအလိုကျ ကြိုရေးထားပြီးသား စီရင်ချက်သာလျှင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ နွေဦးတော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေဟာ တရားရုံးတွေမှာ တရားစွဲဆိုခံနေရတာကို လက်မခံကြောင်း ဆန့်ကျင်ကြဖို့ လိုပါတယ်။ ဖီဆန်ကြဖို့ လိုပါတယ်။ ထို့အတူ ကြိုရေးထားတဲ့ စီရင်ချက်တွေနဲ့ မတရား ထောင်သွင်းအကျဉ်းကျခံရမှုတွေကို ဆန့်ကျင်ကြရမယ်၊ ဖီဆန်ကြရမယ်။ ဒါဟာ တာဝန်အရ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၁၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်