Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၁၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 12
နိုင်မြင်းလောင်းအယူအဆကို တော်လှန်သတိနဲ့ ဖယ်ရှားကြ
“နိုင်ငံတကာက နိုင်မြင်းကို လောင်းလိမ့်မယ်" ဆိုပြီး နိုင်ငံရေးအခင်းအကျင်းထဲ တင်သွင်းလာတဲ့ ဒီအယူအဆဟာ တော်လှန်ရေးအ တွက် နိုင်ငံအတွက် တကယ်ကို အန္တရာယ်များတဲ့ အယူအဆတစ်ရပ်၊ ချဉ်းကပ်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒီချဉ်းကပ်မှု၊ အယူအဆ အားကောင်းလာရင် နွေဦးတော်လှန်ရေးထဲက တော်လှန်ရေးအင်အားစုတစ်ရပ်ဟာ တခြားအင်အားစုတစ်ရပ်ထက် ပိုအရေးပါတယ်ဆိုတဲ့ အယူအဆတွေ ပိုခေါင်းထောင်လာမှာဖြစ်ပြီး နိုင်ငံရေးမညီညွတ်မှုတွေကိုသာ မွေးထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ တော်လှန် ရေးအင်အားစုတွေအတွက် ပျော့ကွက်၊ စစ်အုပ်စုအတွက် ထိုးနှက်စရာအကွက် ဖြစ်သွားစေပြီး တော်လှန်ရေးကို ထိခိုက်နိုင်တဲ့ အန္တရာယ်ကို လက်ကမ်းခေါ်နေသလို ဖြစ်နေပါလိမ့်မယ်။ စစ်အုပ်စုနဲ့ ပြေငြိမ်းရေးစကား သွားပြောမှာထက်ကို ပိုပြီးတော့ ကြောက်ဖို့ ကောင်းပါတယ်။ ဒါဟာ Dirty Politics လို့ ခေါ်တဲ့ ညစ်ညမ်းတဲ့ နိုင်ငံရေးကစားကွက်သပ်သပ်သာ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၁၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်