Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ အောက်တိုဘာလ ၁၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM October 15  


ကျီးအာသီးလို နိုင်ငံရေးသမားတွေကို ဖယ်ကြ၊ နှင်ကြ၊ ကျဉ်ကြ...


ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ဖရဲသီးလို လူတွေ စစ်တပ်ထဲ ရှိနေသလို လူထုဘက်မှာလည်း ကျီးအာသီးလို လူတွေ ရှိနေပါပြီ။ အဲဒီသူတွေကတော့ အာဏာသိမ်း စစ်အုပ်စုကို လူထုနဲ့အတူ တော်လှန်ရဖို့ တာဝန်ရှိတဲ့ လူထု ရွေး ကောက်ခံကိုယ်စားလှယ်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုကို သိမ်းကြုံးယူသွားတဲ့ အမတ်တွေ ဖြစ်ပါတယ်။ တည့်တည့်ပြောရရင် အနီရောင်အလံ ခြုံခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေမှာ ပတ်သက်မှု မရှိပါဘူးဆိုတဲ့ စစ်အုပ်စုရဲ့ ခံဝန်ချက်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ လူထုကိုယ်စားလှယ်တွေ။ စစ်အုပ်စုက ရွေးကောက်ပွဲမှာ မဲလိမ်ပါတယ်ဆိုပြီး အကြောင်းပြ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လူထုကိုယ်စားလှယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ ဒီလို လုပ်တဲ့အတွက် လူထုကိုယ်စားလှယ်တွေ ဖမ်းဆီးခံရတာ ရှိသလို တချို့ကလည်း အဖမ်းမခံဘဲ တော်လှန်မယ်ဆိုတဲ့ စိတ်နဲ့ ရှောင်ကြ၊ ပုန်းကြ၊ ပြန်တော်လှန်ကြတွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ အဖမ်းလည်း မခံရ၊ တုံ့ပြန်တော်လှန်မှု မလုပ်ကြတဲ့ လူထုကိုယ်စားလှယ်အချို့ဟာ စစ်အုပ်စုက ခိုင်းတဲအတိုင်း တော်လှန်ရေးနဲ့ မပတ်သက်ပါဘူးဆိုပြီး ခံဝန်ချက်မှာ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio