Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၁၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 16
အရောင်မမည်သော Opportunist များ
စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်နဲ့ သူ့မယား ကြူကြူလှက ရုပ်ရှင်လောက သက်ကြီးသမားတွေ ပူဇော်ပွဲအတွက် သိန်း ၁၀၀ လှူဒါန်းတဲ့သတင်းက မြန်မာနက်တီဇင်တွေကြား အတော့်ကို ဂယက် ထခဲ့ပါတယ်။ အဓိက ဂယက်ထရတဲ့ ကိစ္စက အလှူငွေ လက်ခံတာကြောင့် မဟုတ်ဘဲ အလှူငွေလက်ခံခဲ့သူတွေရဲ့ ပြောစကားကြောင့် ဖြစ်ပါတယ်။စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ထဲမှာ အနုပညာနယ်ပယ်က သူတွေ အများကြီးပါ။ ဒါကြောင့်လည်း ထောင်တွင်း တရားစွဲဆို၊ ထောင်ချခံရသူတွေ အများကြီးပါ။ လုံခြုံရာနေရာတွေကို တိမ်းရှောင်နေရသူတွေ အများကြီးပါ။ ဒီလို ကိုယ် ကျင်လည်တဲ့ နယ်ပယ်ထဲက သူတွေကို ထောင်သွင်းအကျဉ်းချနေတဲ့ စစ်အုပ်စုဆီက သိန်း ၁၀၀ ကို လက်ခံတာဟာ မဖြစ်သင့်ဘူးဆိုတဲ့ရှုထောင့်က ကြည့်ရင် အလှူငွေလက်ခံလိုက်တဲ့သူတွေဟာ အခွင့်အရေးသမားတွေပါလို့ ဆိုနိုင်ပါတယ်။နောက်တစ်ခုကတော့ အနုပညာရှင်ဆိုတာက လူထုပေးတဲ့၊ ကျွေးတဲ့ ထမင်းနဲ့ အသက်ဆက်ရသူတွေ ဖြစ်ပါတယ်။ လူထုက အားပေးလို့ ဒီနေရာကို ရောက်လာကြသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ စစ်အုပ်စုက နိုင်ငံကို လက်နက်နဲ့ အာဏာသိမ်းပြီး လူထုတစ်ရပ်လုံးကို ဖိနှိပ်နေတဲ့ စစ်အုပ်စုကို လူထုနဲ့အတူ ဆန့်ကျင်ဖို့ လူထုက လိုလားကြပါတယ်။ ဒီလို ဆန့်ကျင်ကြတဲ့ အနုပညာရှင်တွေလည်း အများ ကြီးပါ။ ဒီလိုအချိန်မှာ လူထုက ရွံရှာမုန်းတီးတဲ့ စစ်အုပ်စုရဲ့ မသန့်ရှင်းတဲ့ အလှူငွေကို လက်ခံတာဟာ ထမင်းကျွေးတဲ့ လူထုအပေါ် သစ္စာဖောက်တာပဲလို့ သတ်မှတ်လို့ ရပါတယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၁၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်