Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၁၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 18
ကြောက်လို့ ရမ်းကားနေတဲ့ မင်းအောင်လှိုင်
တိုင်းရင်းသားနဲ့ အခြားသော ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက စစ်အုပ်စုကို နိုင်ငံရေးနယ်ပယ်က မြန်မြန်ထုတ်နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်ချက်တွေ တင်သွင်းခဲ့ပါတယ်။ သို့သော် NLD ဘက်ကတော့ တစ်ဆင့်ချင်း၊ တစ်ရစ်ချင်းနဲ့သာ အချိန်ပေးထုတ်တဲ့ ပြင် ဆင်ချက်မျိုးကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအင်အားစုအားလုံးလိုလိုရဲ့ လိုအင်ဆန္ဒကို ဘေးချိတ်ပြီး စစ်အုပ်စုအတွက် ထွက်ပေါက်ကျယ်ကျယ် ဟပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြိုးစားရင်းက ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ဟာ အနိုင် ရရှိခဲ့ပြန်ပါတယ်။ သို့သော် စစ်အုပ်စုကို အသာတကြည် ထွက်ပေါက်ရစေဖို့၊ ဒီမိုကရေစီစံနှုန်းတွေကို နားလည်တဲ့ စစ်တပ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ လူထုခေါင်းဆောင်ရဲ့ အမျှော်အမြင်ကြီးမှု၊ စေတနာထားမှုကို မျက်ကွယ်ပြုပြီး မင်းအောင်လှိုင်က နိုင်ငံအာဏာ သိမ်းပြီး လူထုခေါင်းဆောင်ကို ဖမ်းဆီးခဲ့ပါတယ်။ တရားစွဲခဲ့ပါတယ်။ နောက်ဆုံး သက်မဲ့ရုပ်တုကိုတောင် မချန်ဘဲ ဖြိုလှဲဖျက်ဆီးခဲ့ပါတယ်။အာဏာရှင်တွေရဲ့ အကြီးမားဆုံး ပြဿနာက နိုင်ငံမှာ လူထုက သောင်းသောင်းဖြဖြ၊ တခဲနက် ထောက်ခံတဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ရှိနေမှာကို အကြောက်ဆုံး ဖြစ်တယ်။ ဘာကြောင့်ဆိုရင် အာဏာရှင်ကို ရာဇပလ္လင်ထက်က ဆွဲချနိုင်သူဖြစ်တာကြောင့် ဖြစ်တယ်။ ဒါကြောင့်ပဲ အာဏာရူး စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပြုမူဆက်ဆံနေတာ ဖြစ်တယ်။ အကြမ်းနည်းနဲ့ သတ်ရင် နိုင်ငံ့လူထုနဲ့ နိုင်ငံတကာက ကြီးကြီးမားမားကြီး တုံ့ပြန်လာမှာ ဖြစ်လို့ အနုနည်းနဲ့ သတ်ဖို့ ကြံစည်နေတာ ဖြစ်တယ်။ သမိုင်းဖျောက်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၁၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်