Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၂၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 22
ဆပ်ကပ်ထဲက ခြင်္သေ့ သို့မဟုတ် အောက်ကြေးနဲ့ ကစားနေရတဲ့ စစ်တပ် (ဆောင်းပါး)
တောတို့ ဘုရင် ခြင်္သေ့ဆိုတာ ဟိန်းလား ဟောက်လား လုပ်လိုက်ရင် တောသတ္တဝါတွေ ဖိန့်ဖိန့်တုန်ကြရပါတယ်။ သို့သော် ဆပ်ကပ်ထဲက ခြင်္သေ့များကျတော့ ဒီလို မဟုတ်ပါဘူး။ ပွဲကြည့်ပရိသတ်ကို ဖျော်ဖြေဖို့ ဟိန်းပြ၊ ဟောက်ပြရတဲ့ သူပါ။ သူ့ကို ထိန်းကြောင်းတဲ့ ကြာပွတ်ကိုင်သူက နာနာရိုက်ပြလေ...ပရိသတ်ကြီး ကြောက်မလားဟဲ့ ဆိုတဲ့အတွေးနဲ့ ကျယ်ကျယ်ဟိန်းပြလေ ဟောက်ပြလေ လုပ်ရပါတယ်။ ဒီကနေ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ဝါဒီအုပ်စုဟာလည်း ဆပ်ကပ်ထဲက ခြင်္သေ့ပါပဲ။ နိုင်ငံတကာက ဖိအားပေး ကြိမ်တို့လိုက်ရင် ကြောက်မလားလို့ ဟိန်းပြလိုက်ရင်း၊ အာဆီယံက ကြိမ်တို့လိုက်ရင် မကြောက်ဘူးဟေ့လို့ ဟောက်ပြလိုက်ရင်း...။ PDF က လက်နက်နဲ့ ဆော်ထည့်ပြီး ကြိမ်တို့လိုက်ရင် နင်တို့ကို အပြုတ်နှံမဟဲ့ဆိုပြီး ဟိန်းပြလိုက်ရင်း...လူထုက ဆန္ဒပြပြီး ကြိမ်တို့လိုက်ရင် ဆန္ဒမပြကြနဲ့လို့ ဟိန်းပြလိုက်ရင်းနဲ့ တဟိန်းတည်း ဟိန်း၊ တဟောက်တည်း ဟောက်နေပေမယ့် တကယ်တော့ စစ်အုပ်စုဟာ ကြိမ်တို့ခံရလို့ ဟိန်းပြ၊ ဟောက်ပြနေရတဲ့ သတ္တဝါ၊ လှောင်ချိုင့်ထဲက သတ္တဝါဆိုတာကို မေ့နေဟန် တူပါတယ်။ စစ်အုပ်စုဟာ နယ်ပယ်ပေါင်းစုံမှာ အကျပ်အတည်းပေါင်းစုံကြောင့် အောက်ကြေးနဲ့ လိုက်ကစားနေရပေမယ့် တစ်ဖက်မှာလည်း မာန် မလျှော့ဘဲ ဆပ်ကပ်ထဲက ခြင်္သေ့ လိုဟိန်းပြဟောက်ပြရုံသပ်သပ် လုပ်နိုင်ပါတော့တယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၂၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်