Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ အောက်တိုဘာလ ၂၃ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM October 23  

  

အာဇာနည်အရိုးနဲ့ ပိတ်ပစ်ရမယ့် စစ်အုပ်စု ထွက်ပေါက် (ဆောင်းပါး)


အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်က စစ်အုပ်စုက နိုင်ငံရေးဖိအား အကြောလျှော့ဖို့၊ တရားဝင်မှုကို နောက်ဖေးပေါက်က ပြန်ယူဖို့ ဖမ်းဆီး၊ ထောင်ချထားသူတွေကို လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကိုယ်၊ စိတ် နှလုံး ဂျုံးဂျုံးကျအောင် လုပ်ပေးပြီးမှ မသေရုံတမယ် ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်။ မတရားတဲ့အမိန့်တွေနဲ့ ဖမ်းဆီးထားတာကို တရားတဲ့အမိန့်ပုံစံနဲ့ ပြန်ထုတ်ပေးလိုက်တာ ဖြစ်တယ်။ နိုင်ငံရေးအရ အသုံးချဖို့ သပ်သပ် ထုတ်ပေးလိုက်တာ ဖြစ်တယ်။ အနှောင်အဖွဲ့တွေနဲ့ လွှတ်ပေးလိုက်တာ ဖြစ်တယ်။ တိုင်းပြည်အပေါ် စေတနာကောင်းလို့ မဟုတ်၊ အာဏာဆက်မြဲရေးအတွက် နိုင်ငံတကာ ဖိအားလျော့တဲ့သဘောသာ ဖြစ်တယ်။နိုင်ငံတကာ ဖိအားလျော့ချဖို့ ဖမ်းထားသူ တချို့ကို လွှတ်ပေးပြီး တရားဝင်မှု ရအောင် ယူဖို့ ပြင်နေတဲ့ စစ်အုပ်စု ခြေလှမ်းကို မပြတ်တမ်း စောင့်ကြည့်ပြီး စစ်အုပ်စု ဂယ်ပေါက်၊ ထွက်ပေါက်မှန်သမျှကို အသက်ပေးခဲ့တဲ့ နွေဦးအာဇာနည်တွေ အရိုးနဲ့ ပိတ်ပစ်ထားရပါမယ်။ ဒါဟာ နိုင်ငံ့အတွက် ဖြစ်သလို အသက်ပေးခဲ့သူတွေ လက်ဆင့်ကမ်းခဲ့တဲ့ တော်လှန်ရေးတာဝန်ပဲ ဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio