Sign up to save your podcasts
Or

Mizzima 108FM ၏ ဇန်နဝါရီလ ၂၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM January 25
စစ်အုပ်စု ထည့်ခဲ့တဲ့ ဂျင်းနဲ့ လိုနေတဲ့ Revolutionary Army
မင်းအောင်လှိုင်ဟာ Standard Army ဆိုတဲ့ စကားလုံးကို သုံးပြီး နိုင်ငံ့ကာကွယ်ရေးထက် စစ်တပ်ကို အဆင့်မြှင့်ရေးကိုသာ လုပ်ခဲ့ပါတယ်။ သုံးစရာ နေရာမရှိရင်တောင် ပျက်စီးမှု တစုံတရာ မရှိတဲ့ တပ်ရင်း၊ တပ်မ ဝင်း အုတ်ထရံတွေကို ဖြိုချပြီး အသစ်ပြန်ဆောက်တဲ့အထိကို လုပ်ခဲ့ပါတယ်။ ထို့နည်းတူ တပ်တွင်းမှာ ယူနီဖောင်းတွေက အစ ပြောင်းပစ်တာ၊ စစ်လက်နက် အသစ်ဝယ်ယူတာတွေကို ဆက်တိုက်လုပ်ခဲ့ပါတယ်။ တစ်နည်းပြောရရင် NLD အစိုးရ အပါအဝင် နိုင်ငံကို Standard Army ဆိုတဲ့ စကားလုံးနဲ့ ဂျင်း ထည့်ခဲ့တာ သာ ဖြစ်ပါတယ်။ ဒီ မင်းအောင်လှိုင် ထည့်တဲ့ ဂျင်းအကြီးကြီးကို မိခဲ့သူတွေလည်း အစိုးရအဖွဲ့ထဲမှာ၊ နိုင်ငံရေးသမားတွေထဲမှာ အများ ကြီး ရှိပါတယ်။
လက်ရှိ နွေဦးလက်နက်ကိုင်တော်လှန်မှုထဲမှာ NUG- PDF ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော်ကြီး တည်ဆောက်ရေးထက် ထိရောက်မှု ရှိသော၊ သက်ရောက် မှု ပြင်းသော လူထုတပ်မတော် ဖြစ်ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်ကို လက်နက်ကိုင် တိုက်ထုတ်ပြီး နိုင်ငံလွတ်လပ်ရေးဖို့ ကြိုးပမ်းခဲ့တာဟာ Standard Army ဆိုတဲ့ လက်နက်အင်အား၊ လူအင်အား သာလွန်တဲ့ စစ်တပ်ကြီးနဲ့ မဟုတ်ပါဘူး။ လူထုကြားက တော်လှန်ရေးသမားတွေနဲ့ ပြောက်ကျားတပ်တွေ တည်ဆောက်ပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။အရေးကြီးဆုံးဟာ တော်လှန်သော စစ်တပ် - Revolutionary Army ဖြစ်ဖို့ပါ။ Standard Army ဆိုတဲ့ စစ်တပ်သုံးတဲ့ ဂျင်းလုံးတွေထက် လူထုလိုလားတဲ့ Revolutionary Army အဖြစ် လက်တွေ့ဦးဆောင်မှု ပေးနိုင်မယ်ဆိုရင် စစ်အုပ်စု အကြောက်ဆုံးဖြစ်တဲ့ General Arm Uprising နဲ့ လက်တွေ့ကျတဲ့ စစ်ရေးဖိအား ပေးနိုင်မှာ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ ဇန်နဝါရီလ ၂၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်