Sign up to save your podcasts
Or

Mizzima 108FM ၏ ဇန်နဝါရီလ ၂၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM January 26
VPN သုံးရင် ဘာအကြောင်းပြချက်နဲ့မှ ဖမ်းခွင့် မရှိဘူး...
ဖုန်းထဲမှာ VPN ထည့်ထားရင် ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေက အခုကာလမှာ အတော့်ကို ကြားနေရတဲ့ သတင်းတစ်ခုပါ။ ဘယ်နေရာမှာတော့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတွေက ဖုန်းစစ်တယ်၊ ဖုန်းထဲမှာ VPN ထည့်ထားရင် ငွေတောင်းတယ်၊ ငွေမပေး ရင် တရားစွဲတယ် ဆိုတဲ့ ပြောဆိုရေးသားမှုတွေလည်း လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ဒီကနေ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုက လူမှုကွန်ရက် အသုံးပြုမှုကို ကန့်သတ်ချင်တာဟာ ဘာကြောင့်ပါလဲ။ စစ်အုပ်စုထောက်ခံသူတွေ၊ သတင်းသမားအမည်ခံ အသားထဲက လောက်ထွက်တဲ့လူတွေနဲ့ ပြည်သူ့ဘဏ္ဍာ အမြောက်အများသုံးပြီး လူမှုကွန်ရက်ပေါ် ဝါဒဖြန့်မှု မအောင်မြင်တာနဲ့ တော်လှန်ရေးအင်အားစုတွေဘက် တန်ပြန်ရေးသား တိုက်ခိုက်မှုတွေဟာ စစ်အုပ်စုအထိ နာပြီးရင်း နာစေတာကြောင့် ဖြစ်ပါတယ်။ လူမှုကွန်ရက် အခြေပြု ဝါဒဖြန့်တိုက်ပွဲမှာ စစ်အုပ်စုနဲ့ သူ့ဘက်တော်သားတွေ အရှက်တကွဲ အကျိုးနည်းဖြစ်ရတာကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ထို့နည်းတူ အောက်ခြေမှာလည်း အသက်မရှိတဲ့ ဥဒေပါ အချက်တွေကို သုံးပြီး မြေပြင်က စစ်အုပ်စုလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ တွေကို ဖမ်းမယ်၊ ဆီးမယ်၊ ထောင်ချမယ်ဆိုတဲ့ ခြောက်လုံးတွေနဲ့ ငွေရှာစားဖို့ ဂွင်ကို ဖန်တီးနေကြပါတယ်။မြန်မာနိုင်ငံမှာ အရင်က ရှိခဲ့တဲ့ စစ်အစိုးရ၊ အရပ်သား NLD အစိုးရနဲ့ လက်ရှိ နိုင်ငံကို မတရားသိမ်းယူထားတဲ့ မင်းအောင်လှိုင် စစ်အုပ်စုလက်ထက် ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့၊ ပြဋ္ဌာန်းကျင့်သုံးနေဆဲ ဥပဒေတွေမှာ VPN သုံးလို့ ဖမ်းလို့ရတယ်ဆိုတဲ့ ပုဒ်ထီးပုဒ်မ တစ်ခုမှကို မရှိပါဘူး။ ပြဋ္ဌာန်းဖို့ ကြိုးစားဆဲ အဆင့်သာ ဖြစ်ပါတယ်။ သို့သော် ဒီကနေ့ မြေပြင်မှာ ဖုန်းတွေ စစ်တယ်၊ VPN ဆော့ဝဲလ်တွေ့ရင် ဖမ်းတယ်ဆိုတာကို ဖမ်းချင်လို့ကို ဖမ်းတာ၊ ငွေညှစ်ချင်လို့ ဖမ်းတာသာ ဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
By Mizzima RadioMizzima 108FM ၏ ဇန်နဝါရီလ ၂၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်