Sign up to save your podcasts
Or

Mizzima 108FM ၏ ဇန်နဝါရီလ ၂၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM January 27
သမ္မတရူးရဲ့ ဗိုလ်ရှုသဘင်
နိုင်ငံအတော်များများမှာ နိုင်ငံတည်ထောင်တဲ့ သို့တည်းမဟုတ် နိုင်ငံလွတ်လပ်ရေး ရတဲ့နေ့တွေမှာသာ ဗိုလ်ရှု့သဘင်ကို ပြုလုပ်လေ့ ရှိပြီး နိုင်ငံအကြီးအကဲ ဝါ သမ္မတက အရပ်ဘက်၊ စစ်ဘက်ရဲ့ အလေးပြုခြင်းကို ခံရတာ ဖြစ်ပါတယ်။ တစ်နှစ်ကြာတဲ့တိုင် လူထုအသိ အမှတ်မပြုခံရတဲ့ မင်းအောင်လှိုင်ဟာ အကြီးအကဲ ဖြစ်ချင်ဇောရဲ့ ကျပ်သိန်းပေါင်း ကိုးသောင်း လျာထားပြီး ဗိုလ်ရှုခံသဘင် ပြုလုပ်ဖို့ ပြင်နေပြန်ပါပြီ။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် ပြည်ထောင်စုနေ့မှာ ပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ ဒီ ဗိုလ်ရှုခံသဘင်အတွက် စစ်အုပ်စု ဖွဲ့ထားတဲ့ အိမ်စောင့်အစိုးရလက်အောက်ခံ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ခေါ်ပြီး ချီတက် လမ်းလျှောက်မှုပုံစံတွေကို စစ်တပ်က သူတွေက သင်တန်းပေးတာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအကြီးအကဲ ဖြစ်ချင်တဲ့ မင်းအောင်လှိုင်ရဲ့ ရူးသွပ်မှုကို နိုင်ငံအခမ်းအနားသုံးပြီး ထုတ်ပြမယ့် ဗိုလ်ရှု့သဘင်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ဗိုလ်ရှု့သဘင်တွေရဲ့ အဓိကအဓိပ္ပာယ်ဖြစ်တဲ့ အရပ်ဘက်၊ စစ်ဘက်က နိုင်ငံအကြီးအကဲပေါ် လေးစားမှု၊ နိုင်ငံ့အကြီးအကဲ နိုင်ငံတော် အပေါ် လေးစားမှု၊ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပြတဲ့ အခမ်းအနား၊ နိုင်ငံစွမ်းအားကို ထုတ်ပြတဲ့ အခမ်းအနား ဆိုတာတွေကို ဖျက်ဆီးပစ်မယ့် အာဏာရူး ဂုဏ်တင်ပွဲသာ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ ဇန်နဝါရီလ ၂၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်