Sign up to save your podcasts
Or

Mizzima 108FM ၏ ဇန်နဝါရီလ ၂၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM January 29
ငါ့စကား နွားရ ပြောနေတဲ့ မင်းအောင်လှိုင် (ဆောင်းပါး)
မင်းအောင်လှိုင် ခေါင်းဆောင်နေတဲ့ စစ်အုပ်စုရဲ့ စကစ ကောင်စီဟာ ၂၀၂၂ ခုနှစ်အတွက် ပထမဆုံး အစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ပေါ်ပေါက်ရခြင်းရဲ့ အဓိက သမိုင်းတရားခံတွေ ဖြစ်တဲ့ စစ်အုပ်စုခေါင်းဆောင်တွေ၊ အရပ်သားအမည်ခံ အခွင့်အရေးမျှော် နိုင်ငံရေးသမားတွေ စုံစုံညီညီ တက်ရောက်ခဲ့ပါတယ်။ အစည်းအ၀ေးမှာ “ဆူကြုံ အနိမ့်အမြင့် ကွာခြားမှုများတဲ့အတွက်ကြောင့် ပဋိပက္ခတွေ ကျွန်တော်တို့ ဖြစ်နေကြတယ်။ ပစ္စည်းမဲ့ဒေါသတွေ။ ကွန်မြူနစ်စကား၊ နိုင်ငံရေးစကားပြောရရင် ပစ္စည်းမဲ့ ဒေါသတွေ ဖြစ်တယ်။ ငါတို့မှာ မရှိဘူး။ မင်းတို့မှာ ရှိတယ်။ ငါတို့မှာ မလုပ်ရဘူး။ မင်းတို့ မှာ လုပ်ရတယ်။ ငါတို့မှာ မစားရဘူး။ မင်းတို့မှာ စားရတယ်။ ငါတို့မှာ မဝတ်ရဘူး။ မင်းတို့မှာ ဝတ်ရတယ်။ ငါတို့မှာ ပညာမသင်ရဘူး။ မင်းတို့မှာ သင်ရတယ်။ ဒါကွာခြားချက်တွေ ဖြစ်လာတဲ့အတွက်ကြောင့် ဖြစ်တယ်" လို့ မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။
မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ အဲဒီစကားပုံက "ငါ့စကား နွားရ" ဆိုတာပါ။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါ့စကားကြောင့်သာ နွားရသည်ဟု တစ်ဖက်သပ် ဇွတ်တရွတ် ပြောဆိုသကဲ့သို့ ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်လိုရာကိုချည်း ဆွဲ၍ တစ်ဖက်သတ် ဇွတ်တရွတ် ပြောဆိုမှုတွေ လုပ်တဲ့အခါ ခိုင်းနှိုင်းသုံးနှုန်းတဲ့ စကားပုံပါ။အခုဆိုရင် မင်းအောင်လှိုင်ဟာလည်း ငြိမ်းချမ်းရေးဟာ ဒေသတစ်ခုချင်းအလိုက် ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်တာပါဆိုပြီး နိုင်ငံရေးပြဿနာကို ဖွံ့ဖြိုးရေးပြဿနာနဲ့ ဖုံးဖို့ ငါ့စကား နွားရ ပြောဆိုနေပြန်ပါပြီ။ တိုင်းရင်းသားဒေသ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးအတွက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်မှုကို အသရေဖျက်ဖို့ ပြောဆိုနေပြန်ပါပြီ။
By Mizzima RadioMizzima 108FM ၏ ဇန်နဝါရီလ ၂၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်