Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ အောက်တိုဘာလ ၂၆ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM October 26  


ပြစ်ရှာငြူစူ ညွန်လာလူးလည်း ပြောင်မြဲ၊ ထွက်မြဲ လူထုတော်လှန်ရေး


ဒီကနေ့ နွေဦးတော်လှန်ရေးကြီးဆိုတာ တချို့က ပြောကြသလို စစ်အုပ်စုဆန့်ကျင်ရေးကြီး မဟုတ်ပါဘူး။ စစ်ဝါဒီတွေနဲ့ အာဏာရှင် စနစ်မှန်သမျှကို ချိုးဖျက်၊ ချေဖျက်နေတဲ့ လူထုတော်လှန်ရေးကြီး။ နိုင်ငံကို စစ်ကျွန်စနစ်အောက်၊ အာဏာရှင်စနစ်အောက်က ရုန်းထွက် ကန်ထွက်ဖို့ ဖြစ်လာတဲ့ တော်လှန်ရေးကြီး။ တစ်စုတစ်ဖွဲ့အတွက်၊ တစ်ဦးတစ်ယောက်အတွက် ဖြစ်လာတဲ့ တော်လှန်ရေးကြီး မဟုတ်ပါဘူး။ သက်ရွယ်စုံပါဝင်သလို Sector စုံက သူတွေလည်း တတပ်တအား ပါဝင်နေကြတဲ့ လူထုတော်လှန်ရေးကြီး။ နိုင်ငံမှာ အာဏာရှင်စနစ်ဆိုတာ ပြတိုက်မှာတောင် ထားခွင့်မပေးတော့ဘူးဆိုတဲ့စိတ်နဲ့ ပုန်ကန်တော်လှန်နေတဲ့ လူထုတော်လှန်ရေးကြီး။ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုက ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းက လူထုရဲ့ တော်လှန်ရေးကြီးကို အသရေပျက်အောင် အမျိုးမျိုးဝေဖန်တိုက်ခိုက်သလို မြေပြင်မှာလည်း နွေဦးတော်လှန်ရေးသမားတွေကို သေနတ်နဲ့ ပစ်သတ်၊ ကားနဲ့ တိုက်ဖမ်း၊ စစ်ကြောရေးစခန်းပို့ပြီး နည်းပေါင်းစုံနဲ့ ဖြိုခွင်းခဲ့ပါတယ်။ နောက်ပြီး လူထုဟာ နိုင်ငံရေးသမားတွေ မြှောက်ပေးလို့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တစ်အုပ်စု၊ တစ်ပါတီအောက်ကနေ ဖြစ်လာတဲ့ တော်လှန်ရေးယောင်ယောင် သွားပုပ်လေလွင့် တိုက်ခိုက်ပြန်ပါသေးတယ်။ သေးသိမ်အောင် လုပ်ပြန်ပါသေးတယ်။ ဒီကနေ့ နွေဦး တော်လှန်ရေးဟဲ့ ဆိုပြီး လမ်းပေါ်တက် စတော်လှန်ခဲ့တာ လူငယ်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။ မတရားဘူးထင်ရင် ငြိမ်မခံတတ်ကြတဲ့ လူငယ်တွေ၊ လူရွယ်တွေ ဖြစ်ပါတယ်။ ဒီသူတွေဟာ နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။ မတရားတဲ့ အာဏာရှင်စနစ်နဲ့ စစ်ဝါဒီတွေကို လက်မခံနိုင်တဲ့ လူထုတော်လှန်ရေးသမားတွေ ဖြစ်ပါတယ်။ ရာထူး၊ ဂုဏ်၊ အာဏာ ရလိုမှုနဲ့ နွေဦးတော်လှန်ရေးကြီးထဲ ပါဝင်လာသူတွေ မဟုတ်ကြပါဘူး။ နိုင်ငံ့လမ်းမထက်တွေမှာ ဒင်းကြမ်းပြည့် လူစည်သွားအောင် လုပ်ခဲ့တာ လူထုရဲ့ တော်လှန်လိုစိတ်၊ ပုန်ကန်လိုစိတ်တွေကြောင့်သာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးသမားတွေကို အသရေယုတ်အောင် ပြစ်မရှိ ပြစ်ရှာ လိုက်လံတိုက်ခိုက်နေတာသာ ဖြစ်ပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio