Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၂၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 27
အမယ်စုံတဲ့ တော်လှန်ရေး...လက်နက်နဲ့ နှိမ်နင်းလို့မရဘူး...(ဆောင်းပါး)
ဒီကနေ့ နွေဦးတော်လှန်ရေးဟာ စစ်ပွဲ မဟုတ်ဘူးဆိုတာကို စစ်အုပ်စု မေ့နေဟန် တူပါတယ်။ လက်နက်ကြီး လက်နက်ငယ် အသွယ်သွယ်နဲ့ လူသတ်တဲ့ စစ်ပွဲ မဟုတ်ပါဘူး။ ဒီကနေ့ နွေဦးဟာ စနစ်ပြောင်း၊ ခေတ်ပြောင်း တော်လှန်ရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက နည်းပေါင်းစုံ၊ ယုတ်ကန်းနည်းပေါင်းစုံနဲ့ လူထုကို ဖိနှိပ်၊ ညှင်းပန်း၊ သတ်ဖြတ်နေပေမယ့် နွေဦးတော်လှန်ရေးဟာ အားကောင်းကောင်းနဲ့ ရှိနေဆဲဖြစ်တယ်ဆိုကတည်းက စစ်အုပ်စုရဲ့ လက်နက်နဲ့ ဖြေရှင်းရေးဗျူဟာ မှားနေတယ်ဆိုတာကို သက်သေပြနေပြီ ဖြစ်ပါတယ်။ လူထုဟာ လက်နက်နဲ့ ပြောင်းထောက်၊ ဓားမိုး အုပ်ချုပ်တဲ့ စစ်ဝါဒီတွေရဲ့ လုပ်ရပ်ကို အပြီးတိုင် ရပ်ဆိုင်းသွားဖို့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်စစ်ပွဲဆိုတာ ရေတိုသာ ဖြစ်ပြီး စနစ်ပြောင်း၊ ခေတ်ပြောင်း တော်လှန်ရေးဟာ ရေရှည်သွားရမယ်ဆိုတာကို တော်လှန်ရေးမှာ ပါဝင်နေသူတိုင်း နားလည်ထားပြီးသား ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၂၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်