Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ အောက်တိုဘာလ ၂၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM October 28  

  


NLD ကတ်ကိုင်လည်း မရဘူး...နွေဦးဟာ စနစ်ကို တိုက်တဲ့ပွဲ (ဆောင်းပါး)


စစ်အုပ်စုဟာ သူတို့လိုဘအတွက် အာဏာသိမ်းပြီး တရားဝင်မှု ဖြစ်လာအောင်အတွက် ကြိုးစားခဲ့သလို တစ်ဖက်မှာလည်း အာဏာ နိုင်ငံရေးနယ်ပယ်ထဲ ကြိုရောက်နှင့်နေသူတွေကို နည်းအမျိုးမျိုးနဲ့ ရှင်းထုတ်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ နိုင်ငံရေး အာရုံလွှဲတဲ့အနေနဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးဟာ တစ်စုတစ်ဖွဲ့၊ တစ်ပါတီအတွက် လုပ်နေသယောင်ယောင် သွားပုပ်လေလွင့် ပြောဆိုနေဆဲ ဖြစ်ပါတယ်။ NLD ဆိုတာကို ကိုင်ပြီး စစ်အုပ်စုဟာ နိုင်ငံရေးကစားကွက်တွေ စတင်ဖို့ စစ်အုပ်စုက စတင်နေပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မြန်မြန်ကျင်းပပြီး ပြည်တွင်း NLD နဲ့ ပြည်ပက NLD ကဲတဲ့ CRPH, NUG တို့ကို သားကြောဖြတ်၊ သင်းသက်ကွက်တွေ လာပါလိမ့်ဦးမယ်။ သို့သော် ဒီကနေ့ ပြည်တွင်းကော ပြည်ပမှာပါ စစ်အုပ်စု ဆန့်ကျင်၊ အာဏာရှင်စနစ် ဆန့်ကျင်နေတဲ့ တော်လှန်ရေးသမားတိုင်းဟာ စစ်အုပ်စု စွပ်စွဲသလို၊ တချို့သော နိုင်ငံရေးရေးသမားတွေ သွတ်သွင်းသလို အရောင်အတွက်၊ ပါတီတစ်ခုအတွက်၊ အစုအဖွဲ့တစ်ခုအတွက် တော်လှန်နေကြတာ မဟုတ်ပါဘူး။ စစ်အာဏာယန္တရားကြီး ပျက်သုန်းပြီး အာဏာရှင်စနစ် မှန်သမျှ တိုက်ဖျက်၊ တိုင်းရင်းသားပြည်သူတစ် ရပ်လုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ထွန်းရေး၊ ဖြစ်တည်ရေးအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ စနစ်ကို တိုက်တဲ့ လူထုတိုက်ပွဲ ဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio