Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ အောက်တိုဘာလ ၂၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM October 29  

  


ငွေတိုက်စာချုပ်သက်တမ်းက တော်လှန်ရေး ကတိကဝတ်ဖြစ်ဖို့ လိုတယ် (ဆောင်းပါး)


ကနေ့ နွေဦးတော်လှန်ရေးဆိုတာ ရေတိုတိုက်ပွဲမဟုတ်၊ ရေရှည်တိုက်ပွဲဆိုတာ တော်လှန်ရေးမှာ ပါဝင်ပတ်သက်သူတိုင်း နားလည်ထားပြီးသားအရာ ဖြစ်ပါတယ်။ သို့သော် ရေရှည်တိုက်ပွဲဆိုတဲ့နေရာမှာ အချိန်ဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ဖက်က စစ်အုပ်စုဟာ ငြိမ်နေမယ့်သူတွေ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတွေဘက်က အလုပ်လုပ်နေသလို စစ်အုပ်စုဟာလည်း သူတို့ အာဏာတည်မြဲရေးအတွက် နည်းပေါင်းစုံနဲ့ လုပ်ဆောင်နေမှာကြောင့် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့အင်္ဂလိပ်လက်ထဲက လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင် ယူပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လူထုထောက်ခံမှုယူပြီး စွမ်းဆောင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ပြခဲ့တဲ့ အချိန်ကာလတစ်ခု ပိုင်းဖြတ်သတ်မှတ်ပြီး လုပ်ဆောင်သွားမယ်ဆိုရင် NUG အပေါ် လူထုထောက်ခံမှု ပိုမိုမြင့်တက်လာမှာဖြစ်ပြီး ပြည်သူတွေလိုလားတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အလျင်အမြန် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio