Sign up to save your podcasts
Or

Mizzima 108FM ၏ အောက်တိုဘာလ ၃၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM October 31
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု အပိုင်း (၂)(ဆောင်းပါး)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်ခဲ့သည်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပင် အကျပ်ဆိုက်မှု deadlock ဖြစ်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေသေးသော်လည်း) NCA အကောင်အထည်ဖော်ရေး တရားဝင်လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေပြီဖြစ်သည်။ ထို့ကြောင့် NCA ကို အခြေခံသောလုပ်ငန်းစဉ်နှင့် NCA အပေါ် အခြေမပြုသော ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အလားအလာများကို ပြန်လည်သုံးသပ်ရန် အဓိကမေးခွန်းများ ထွက်ပေါ်လာပါသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးသင့်မေးထိုက်သည်များကို မေးခွန်းထုတ်ခြင်းသည် ကြုံတွေ့နေရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် ပထမခြေလှမ်းအားထုတ်မှု ဖြစ်နိုင်ကောင်းပါသည်။ ထို့ကြောင့် ပဏာမအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ EAOs အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများ စသဖြင့် ၃၂ ဦးအား ISP-Myanmar က မေးခွန်း ၇ ခု မေးမြန်းခဲ့ပါသည်။ ယခု မေးမြန်းချက်၏ အဖြေများကို ယတိပြတ်အဖြစ် မှတ်ယူသည်ထက် ဆက်လက်စဉ်းစားဆင်ခြင်နိုင်ရေးအတွက် အညွှန်းပြုစရာ အထောက်အကူအဖြစ် ရည်ရွယ်ပါသည်။
By Mizzima RadioMizzima 108FM ၏ အောက်တိုဘာလ ၃၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်