Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 1
လုပ်ကြံမှုဖြစ်ရပ်တွေ များခဲ့တဲ့ တစ်ပတ်တာ (အောက်တိုဘာ ၁၉ မှ ၂၅ ရက်အထိ)(ဆေင်းပါး)
အောက်တိုဘာလ တတိယပတ်အတွင်း တိုက်ပွဲနဲ့ ပဋိပက္ခတွေအနက် လုပ်ကြံခံရမှု ဖြစ်စဉ်ဟာ ၆၂ ခုအထိ ရှိခဲ့ပါတယ်။ တစ်ပတ်အတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်ပေါင်း ၁၂၇ သာ ရှိခဲ့တဲ့အတွက် လုပ်ကြံခံရမှုအရေအတွက် စုစုပေါင်းဖြစ်စဉ်ပမာဏရဲ့ ထက်ဝက်နီးပါး ဖြစ်တဲ့ ၄၉ ရာခိုင်နှုန်းအထိကို ရှိခဲ့ပါတယ်။
ဒီလုပ်ကြံမှု ဖြစ်စဉ်တွေဟာ စစ်ကိုင်းမှာ ၁၄ ကြိမ်၊ ရန်ကုန်မှာ ၁၁ ကြိမ်၊ မန္တလေးမျာ ၁၀ ကြိမ် ရှိခဲ့ပါတယ်။ ပဲခူးမှာ ရှစ်ကြိမ်၊ မွန်နဲ့ ဧရာဝတီမှာ ခြောက်ကြိမ်စီ၊ မကွေးမှာ လေးကြိမ်၊ ကချင်၊ ကယား၊ ချင်းတို့မှာ တစ်ကြိမ်စီ ရှိခဲ့ပါတယ်။ လုပ်ကြံခံရမှု ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ အချက်အလက်များအရ စစ်အုပ်စုအနေဖြင့် လက်နက်ကိုင်တိုက်ပွဲများထက် ပြည်သူ့ခုခံတော်လှန် စစ်ရှိသည့် နေရာများအား ပို၍ ဂရုတစိုက် ရှင်းလင်းခြင်းနှင့် အကြမ်းဖက်ခြင်းများ ပိုမိုလုပ်ဆောင်လာလျက် ရှိသည်။ စစ်ကောင်စီဘက်က နိုင်ငံအနောက်ဘက် ဖြစ်သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်လုပ်နေဆဲ ဖြစ်ကာ တိုက်ပွဲနှင့် ပဋိပက္ခများ ဆက်မရှိအောင်အတွက် နယ်မြေစိုးမိုးရေးခေါင်းစဉ်ဖြင့်အင်အားသုံး စီးနင်းတိုက်ခိုက်မှုများ ပိုမိုလုပ်လာနေဦးမည် ဖြစ်သည်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်