Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 2
ငြိမ်းချမ်းရေးအတွက် အငြိုးတရား အခြေမခံတဲ့ တိုက်ပွဲ ရှိရမယ်
နိုင်ငံကြီး ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ်။ တိုက်ပွဲပုံသဏ္ဍာန်ဟာ အမျိုးစုံဖို့ လိုသလို နိုင်အောင် တိုက်ပြီး ငြိမ်းချမ်းရေးပန်းတိုင် ဝင်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဆန္ဒပြတိုက်ပွဲ ရှိသလို လိုအပ်ချက်အရ လက်နက်ကိုင်တဲ့အဆင့်ထိ တက်ဖို့ လိုလို့လည်း ရောက် လာပြီ ဖြစ်တယ်။ ဒီလို ဖြစ်လာတာဟာလည်း ငြိမ်းချမ်းရေး မလိုလားတဲ့ စစ်တပ်ကြောင့်ဆိုတာ အထူးပြောနေစရာ မလိုတော့ပါဘူး။တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရတာဟာလည်း နိုင်ငံငြိမ်းချမ်းရေး၊ လူထုငြိမ်းချမ်းရေးအတွက် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုအတွက် လက်နက်စွဲကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။ စနစ်ပြောင်း၊ ခေတ်ပြောင်းဖို့အတွက် တော်လှန်နေကြတာ ဖြစ်ပါတယ်။ဒီတိုက်ပွဲအတွင်းမှာ ကိုယ့်ဆွေမျိုးသားရင်း၊ ရောင်းရင်း၊ မိတ်ဆွေတွေလည်း ပါဝင်ကြမှာဖြစ်သလို တချို့ဆိုရင် အိမ်ပြန်ခွင့်မရကြတော့ပါဘူး။ တော်လှန်ရေးအတွက် အသက်မပေးရပေမယ့် ခန္ဓာပေးဆပ်ခံရတဲ့သူတွေ တပုံတပင်ကြီးပါ။ မိတကွဲ ဖတကွဲနဲ့ အကျဉ်း ထောင်တွေထဲ တော်လှန်ရေးကမ္မဋ္ဌာန်း စီးဖြန်းနေရတဲ့ ရဲဘော်တွေ အများကြီးပါ။ ဒီ မနှစ်မြို့ဖွယ်ကောင်းတဲ့ အခြေအနေက လူတိုင်းကို နာကျည်းစေနိုင်၊ အငြိုးတရားတွေ ကြီးစေနိုင်ပါတယ်။ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကာလက နာကျည်းရမှု၊ ခံပြင်းရမှုကို အာခေါင်ကွဲ အောင် ကြွေးကြော်ပြပြီး ပြသခဲ့ပါတယ်။ အခု လက်နက်ကိုင်တိုက်ပွဲကာလမှာတော့ နာကျည်းခဲ့ရမှု၊ ခံပြင်းခဲ့ရမှုကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု ဘောင်ထဲကနေပဲ ပြသကြဖို့ လိုအပ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်