Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ နိုဝင်ဘာလ ၃ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM November 3  

  


ပြာပုံပေါ် တက်အုပ်ချုပ်ဖို့လုပ်တဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထား...(ဆောင်းပါး)


စစ်အုပ်စုဟာ နိုင်ငံရေးအရ၊ စစ်ရေးအရ ဂုဏ်သိက္ခာကျဆင်းခဲ့ရတဲ့ ချင်းပြည်နယ်အပေါ် အငြိုးကြီးကြီး ထားနေပါတယ်။ တူမီးကိုင်တဲ့ နယ်မြေမှာ လေယာဉ်သုံး တိုက်ခိုက်ခဲ့သလို တော်လှန်ရေးကို ထောက်ပံ့သူတွေ မရှိတော့အောင် အိမ်ကို မီးရှို့၊ လူကြားထဲ မိုင်း ထောင်၊ ဘုရားကျောင်း မီးရှို့နဲ့ နေရာတိုင်းကို ပြာပုံအတိကျအောင် လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။ သူတို့ကို မထောက်ခံသူတွေ နေစရာမဲ့အောင်၊ စားစရာမဲ့အောင် လုပ်ပြီး ပြာပုံအတိဖြစ်နေတဲ့ မြေပေါ်မှာ ထိုင်အုပ်ချုပ်ဆိုလည်း အုပ်ချုပ်မယ်ဆိုတဲ့ သူတွေ ဖြစ်ပါတယ်။ အရှုံးကို ပြန်ထေဖို့ ကမ်းကုန်းအောင် ရက်စက်ပြ၊ ကြမ်းကြုတ်ပြ၊ ရိုင်းစိုင်းပြပါလိမ့်ဦးမယ်။ ဒီလို ကမ်းကုန်အောင် လုပ်ဆောင် မှုတွေကိုလည်း သူတို့ လုပ်တာ မဟုတ်ကြောင်းနဲ့ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေ လုပ်ဆောင်တာသာ ဖြစ်ကြောင်း အသံကောင်း ဟစ်နေကြဦးမှာ ဖြစ်ပါတယ်။ စစ်အုပ်စုခေါင်းဆောင်တွေနဲ့ လက်အောက်ခံတပ်တွေဟာ သူတို့ ကျူးလွန်ခဲ့မှုအတွက် ထိုက်တန်တဲ့ တာဝန်ခံမှု ရှိဖို့အတွက်ဆိုရင် ဒီအချိန်မှာ အချက်အလက်တွေ၊ သက်သေသာဓကတွေက အဓိကသာ ဖြစ်ပါတယ်။ ဒီသက်သေ၊ အချက်အလက်တွေကသာလျှင် စစ်အုပ်စုကို တာဝန်ခံမှု ရှိလာစေမယ့် တစ်ခုတည်းသော အရာသာ ဖြစ်ပါတယ်။ ထန်တလန်မှာသာမက တစ်တိုင်းပြည်လုံးက စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက သက်သေနဲ့တကွ မှတ်တမ်းတင်ထားနိုင်ရေးဟာ တော်လှန်ရေး အောင်မြင်ဖို့၊ လူထုအောင်ပွဲခံဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio