Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၄ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 4
အမျိုးသားရေး အစွန်းရောက်တွေရဲ့ တပ်ထောက်ခံပွဲဆိုတာ...(ဆောင်းပါး)
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းမှု ကိုးလအကြာမှာတော့ တပ်ထောက်ခံပွဲတွေကို ပြန်လုပ်လာခဲ့ပါတယ်။ ၅၀၀၀ စားတွေလည်း ၁၀၀၀၀ စား၊ တစ်သောင်းခွဲစားတွေ ဖြစ်ကုန်ပါတယ်။တပ်ထောက်ခံပွဲနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က ၂၀၁၈ ခုနှစ် အောက်တိုဘာလ လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အထူးညီလာခံ - ၂၀၁၈ မှာ အခုလို ပြောဆိုဖူးပါတယ်။ တပ်မတော် ထောက်ခံပွဲ ဆိုတာ "နိုင်ငံတော်နဲ့ ပြည်သူအပေါ် ထားရှိတဲ့ တပ်မတော်၏ စစ်မှန်သော သဘောထားကို သိရှိပြီး တပ်မတော်နှင့် ပြည်သူ တစ်သားတည်းရှိသည် ဆိုတဲ့ ပြယုဂ်"၊ ထောက်ခံပွဲလုပ်သူတွေဟာ "အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် ပြည်သူများ" လို့ ဆိုခဲ့ဖူးပါတယ်။ ဆန္ဒပြမယ့်သူတွေကို ငွေပေးစည်းရုံးပြီး ထောက်ခံပွဲလုပ်သူတွေကို အမျိုးသားရေး တံဆိပ်ကပ်ပြီး မျိုးချစ်စိတ်ဓာတ် ထက်သန်သူတွေ အဖြစ် မြှောက်ပင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်တော့ "အမျိုးသားရေး" ဆိုတာ စစ်တပ်အာဏာတည်မြဲရေးအတွက် သုံးဖို့ ရည်စူးထားတဲ့ ယန္တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီယန္တရားထဲမှာ အမျိုးသားရေး ဆိုတာကို လူမျိုးရေး၊ ဘာသာရေးလောက်သာ နားလည်တဲ့ အစွန်းရောက်တွေ၊ ဝါဒမှိုင်းတိုက်ခံထားရတဲ့ တပ်တွင်းမိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ အမျိုးသားရေး အမည်ခံပြီး ဒီယန္တရားတွေနဲ့ တန်ပြန်ဆန္ဒပြမှုတွေ၊ ထောက်ခံပွဲတွေ ကို စစ်တပ်က ဆက်လုပ်နေဦးမှာ ဖြစ်သလို အကြမ်းဖက်မှုတွေအထိ ထပ်တိုးလုပ်ဆောင်လာဦးမှာ ဖြစ်ပါတယ်။ အမျိုးသားရေး ခေါင်းစဉ်အောက်ကနေ လုပ်ကြံသတ်ဖြတ်မှုတွေထိ မြင့်တက်လာအောင် စစ်အုပ်စုက သွေးထိုး၊ မီးထိုးပေးပါဦးမယ်။ ဘာသာရေး၊ လူမျိုးရေး အထိကရုဏ်းတွေ ဖန်တီးပြီး နွေဦးတော်လှန်ရေးကို ခေါင်းလှည့်ဖို့ ကြိုးစားပါလိမ့်ဦးမယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၄ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်