Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 5
ကျောင်းဆိုတာ လူပီသဖို့ သင်တဲ့နေရာ...စစ်မိစ္ဆာတွေ ခြေမချရ...(ဆောင်းပါး)
နိုဝင်ဘာလ ၁ ရက်က ကျောင်းပြန်ဖွင့်ချိန်မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တပ်လက်အောက်ခံ လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့တွေက ကျောင်းသားတွေထက် များအောင်ကို နေရာယူထားကြပါတယ်။ စစ်တပ်ခန့် ဝန်ကြီးတွေက ပိုးပုဆိုး တရွမ်းရွမ်း၊ ပခုံးပေါ် အပွင့်အခက် တင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကလည်း ယူနီဖောင်းကြီးတကားကားနဲ့ ဟန်ရေးပြခဲ့ကြပါတယ်။ဒီသူတွေဟာ တိုင်းနှင့် ပြည်နယ်အနှံ့မှာ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို သေသည်အထိ ပစ်သတ်ခဲ့တဲ့ စစ်ရာဇ ဝတ်ကောင်တွေ၊ စစ်ဘီလူး မိစ္ဆာတွေသာ ဖြစ်ပါတယ်။ ထို့အတူ လုံခြုံရေးဆိုပြီး ကျောင်းဝင်းထဲထိ လက်နက်ကိုင်ဝင်ရောက်နေတဲ့ သူတွေဟာလည်း အမိန့်ပေးလာရင် ဘယ်သူမဆို သတ်ပစ်ဖို့ ဝန်မလေးတဲ့ လက်မရွံ လူသတ်သမားတွေသာ ဖြစ်ပါတယ်။စာသင်ကျောင်းဆိုတာ လူငယ်လူရွယ်တွေကို လူပီသအောင် နေတတ်ဖို့၊ လူချွန်လူကောင်း ဖြစ်ဖို့၊ နိုင်ငံ့အနာဂတ် ခေါင်းဆောင်တွေ ဖြစ်ဖို့ သင်ကြားပေး၊ ပြုစုပျိုးထောင်ပေးတဲ့ နေရာ ဖြစ်ပါတယ်။ သန့်စင်မွန်မြတ်တဲ့ နိုင်ငံအနာဂတ် အုတ်မြစ်တွေ ဖန်တီးရာ နေရာ ဖြစ်ပါတယ်။ သွန်းလောင်းရာ နေရာဖြစ်ပါတယ်။ နိုင်ငံကို ပညာနဲ့ တည်ဆောက်ဖို့ စတင်ရာ နေရာဖြစ်ပါတယ်။ အာဏာကို လက်နက် နဲ့သာ တည်ဆောက်တတ်သူတွေ အရိပ်တောင် နင်းခွင့်မပြုသင့်တဲ့ နေရာ ဖြစ်ပါတယ်။ ကျောင်းဆိုတာဟာ လက်နက်နဲ့ လူသတ်တဲ့ စစ်ရာဇဝတ်ကောင်တွေ ခြေမချအပ်တဲ့ နေရာ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်