Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 9
တပ်မတော်သားမှန်ရင် ခေါင်းပါဖို့ လိုတယ်...(ဆောင်းပါး)
ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၄ မတ်လ ၁၃ ရက် မင်္ဂလာဒုံ ဗိုလ်သင်တန်းဆင်းပွဲမှာ အရေးကြီးတဲ့ အချက်တစ်ခုကိုလည်း မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါတယ်။
“တခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ်လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့ စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှည်းဖို့ မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ် ပြန်နှိမ်ချင်တဲ့သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေဘဲ၊ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ် ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်း ကတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး၊ အာဏာအားကိုး လုပ်ချင်တယ် ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ၊ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါမှာလည်း အားကြီးတဲ့သူကို မတရားရင် မကြောက်၊ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရား မလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာပဲ" လို့ မိန့်ခွန်းရှည်ကြီး ပြောခဲ့ပါတယ်။ ဒါဟာ အားနည်းရင် တစ်မျိုး၊ အားကြီးရင် တဖုံ ဖောက်လွှဲတတ်တဲ့ လူ့စိတ်သဘောနဲ့ လက်နက်ကိုင်ထားသူတွေ ဖြစ် တတ်တဲ့ အာဏာပါဝါပြတတ်မှုကို သတိပေးခဲ့တာ ဖြစ်ပါတယ်။သို့သော် ဗိုလ်ချုပ်အောင်ဆန်းအလွန် တပ်မတော်ဟာ ဗိုလ်နေဝင်းအစ ဗိုလ်မင်းအောင်လှိုင်အဆုံး နိုင်ငံနဲ့ လူထုနဲ့ ကင်းကွာပြီး နိုင်ငံကို ဖျကဆီး၊ လူထုကို ညှဉ်းပမ်းတဲ့ စစ်တပ် ဖြစ်နေပါပြီ။ ဒါဟာ စစ်တပ်ကို စတင်ဖွဲ့စည်းပြီး နည်းမှန်လမ်းမှန် ရပ်တည်ဖို့ ညွှန်ကြား ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးရဲ့ မိန့်မှာချက်တွေကို မျက်ကွယ်ပြုနေတာ ဖြစ်ပါတယ်။တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့မှုတွေကို မေ့ပြီး အာဏာနဲ့ အခွင့်အရေးကို ငါတို့ပိုင် ပြုပြီး စစ်သားတော့ စစ်သား၊ ဒါပေမဲ့ စစ်သားချည်း လုပ်ခဲ့ကြပါတယ်။ ပေးလာတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် မှန်၏ မမှန်၏၊ တရား၏ မတရား၏ ကို ဦးနှောက်နဲ့ စဉ်းစားနိုင်စွမ်းမရှိဘဲ အာဏာနဲ့ လုပ်ပိုင်ခွင့်မှာ ယစ်မူးကုန်ကြပါတော့တယ်။ ဒါဟာ ဗိုလ်နေဝင်း လက်ထက်ကစလို့ ဒီကနေ့ အာဏာသိမ်း စစ်အုပ်စုမင်းအောင်လှိုင်လက်အောက်က စစ်တပ်ထဲအထိ ရှိနေတဲ့ အမူအကျင့် တွေပါ။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်