Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 8
ပြည်သူ့တရားစီရင်ရေးသာလျှင် တရားမျှတမှုကို ပေးနိုင်လိမ့်မယ် (ဆောင်းပါး)
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးခေတ် ဖြတ်သန်းမှုကို ကြည့်ရင် အင်္ဂလိပ်အုပ်ချုပ်ခံရတဲ့ ခေတ်နဲ့ လွတ်လပ်ရေးရပြီး ပထမအစိုးရခေတ် လောက်သာ စစ်တပ်နဲ့ ကင်းလွတ်ခဲ့ပါတယ်။ ၁၉၆၂ က စလို့ ဒီကနေ့ အချိန်အထိ စစ်တပ်နဲ့ ကင်းလွတ် တရားစီရင်ရေးခေတ်ဆိုတာ မရှိခဲ့ပါဘူး။ ၂၀၀၈ အခြေခံဥပဒေပြဋ္ဌာန်းပြီး လက်ရှိ အာဏာမသိမ်းခင်အထိ ပြည်ထောင်စုတရားစီရင်ခေတ် လို့ ဆိုပေမယ့် အဲဒီကာလ နိုင်ငံ့အမြင့်ဆုံးဥပဒေကို စစ်တပ်က စိတ်ကြိုက်အချိန်ယူဆွဲထားပြီး ဒီကနေ တစ်ဆင့် တရားစီရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးထားတဲ့အတွက် စစ်တပ်အရိပ် မကင်းတဲ့ တရားစီရင်ရေးခေတ်ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအရ လူထုအစိုးရ တက်ခွင့်ရခဲ့ပေမယ့်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်စလုံးဟာ စစ်အုပ်စုအလိုကျ ရေးဆွဲထားတဲ့ ခြေဥဘောင်ထဲကနေသာ လှုပ်ရှားခွင့်ရခဲ့တာပါ။
နိုင်ငံ့ တရားစီရေးမဏ္ဍိုင် ကျိုးပျက်မှုဟာ ခေတ်အဆက်ဆက် တိုင်ခဲ့ပါပြီ။ လူထုအစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုအချို့ ရှိလာပေ မယ့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှာ စစ်အုပ်စု အလိုကျ လိုက်ကပြရတဲ့ မဏ္ဍိုင်အဆင့်၊ နိုင်ငံအဆင့် မဏ္ဍိုင်ကနေ စစ်အုပ်စု လက်အောက်ခံ မဏ္ဍိုင်အဖြစ် သားလျှောခဲ့ရပြီ ဖြစ်ပါတယ်။ ပြည်သူ့လုံခြုံမှု၊ တရားမျှတမှုကို ဖော်ဆောင်ရမယ့် မဏ္ဍိုင်အစား စစ်အုပ်စု အလိုကျ လိုက်ကပြနေရပြီ ဖြစ်တယ်။ စစ်အာဏာယန္တရားနဲ့ အာဏာရှင် ပျက်သုန်းရေးကို လုပ်ဆောင်နေတဲ့ ပြည်သူလူထုကို ဥပဒေပုဒ်မ ပေါင်းစုံသုံးပြီး နှိပ်ကွပ်နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကို နှစ်ရှည် ထောင်ဒဏ်ချတာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ စစ်တပ်နောက်ကွယ်က အကျိုးစီးပွားရသူတွေကို ဥပဒေသုံးပြီး ပြစ်ဒဏ်ခတ်ရေးထက် ကာကွယ်ပေးရေးကိုသာ လုပ်ဆောင်နေကြပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်