Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၁၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 11
တိုင်းပြည်ရှေ့ရေးနဲ့ရင်းနှီးမြုပ်နှံမှု (ဆောင်းပါး)
ဘဏ်တွေရဲ့လက်ရှိအခြေအနေကြောင့်အတိုးမှီစားတဲ့လူအများစုအတွက်အနာဂတ်မသေချာတော့ပါဘူး။ ဘဏ်ငွေအပ်တဲ့အတိုးနဲ့စားသူတွေရေရှည်ဘဏ်တွေကိုမှီမရဘူးဆိုရင်လုပ်စရာတနည်းဘဲရှိတယ်ဆိုတာနောက်ပိုင်းမှာတွေ့ပါလိမ့်မယ်။ တခါတဖက်မှာလူတယောက်ဟာတသက်လုံးအလုပ်မလုပ်နိူင်ပါဘူး။ အနားယူတဲ့အခါ passive income လို့ခေါ်တဲ့ပုံသေဝင်ငွေတခုရှိဖို့လိုပါတယ်။ အဲဒီဝင်ငွေရဖို့အနားယူခါနီးမှကပ်လုပ်လို့မရပါဘူးကြိုတင်စီမံရပါတယ်။ အဲဒီလိုဖြစ်ဖို့ပိုင်ဆိုင်မှု Asset တွေမှာရင်းနှီးမြုပ်နှံရပါတယ်။ Asset တွေဆိုတာဝယ်ယူသူတွေကိုငွေရှာပေးတန်ဖိုးဖန်တီးပေးပါတယ်။ ဥပမာ အိမ်ခြံမြေ၊ရွေတို့ဟာ asset တွေဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေ ပိုဆိုင်မှုက အရည်ဖြစ်ဖို့ခက်ပါတယ်။ ရုတ်တရက်ရောင်းဖို့ဝယ်ဖို့မလွယ်ပါဘူး။ illiquid asset လို့ခေါ်ပါတယ်။ ရွေက liquid asset ဖြစ်ပြီးရောင်းဝယ်လွယ်ပေမဲ့တခါမြေကြီးလိုပွားဖို့ခက်ပါတယ်။ မြေကြီးလိုတိုးပွားပြီးရွေလိုအရည်ဖြစ်လွယ်တဲ့ asset ဟာ stock ဖြစ်ပေမဲ့မြန်မာပြည်မှာဘယ်သူမှသေချာစိတ်မဝင်စားပါဘူး။ ဒါပေမဲ့ကမ္ဘာ့ အချမ်းသာဆုံးနိူင်ငံဘီလီယံနာအများဆုံးရှိတဲ့အမေရိကားနိူင်ငံမှာရှိတဲ့အချမ်းသာဆုံးသူဌေးတွေရဲ့ပိုင်ဆိုင်မှုစုစုပေါင်းထဲက ၅၁ ရာခိုင်နှုန်းကို stock ထဲမှာရင်းနှီးမြုတ်နှံထားချိန်မှာအမေရိကားရဲ့အောက်ဆုံးလူတန်းစားတွေမှာစတော့ပိုင်ဆိုင်မှုဟာသူတို့ပိုင်ဆိုင်မှုရဲ့ ၂.၂ ရာခိုင်နှုန်းသာရှိကြောင်းအမေရိကန်ဗဟိုဘဏ်စစ်တမ်းအရသိရပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၁၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်