Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၁၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 12
ဘဝပေးအသိနဲ့ နိုင်ငံရေးအသိ တော်လှန်ရေး ပေါင်းစပ်ချိန် ရောက်နေပြီ (ဆောင်းပါး)
စစ်အုပ်စုဟာ NLD ကို ဗဟိုပြုပြီး လစ်ဘရယ်ဒီမိုကရက် အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို အာဏာသိမ်းမှုဖြစ်တဲ့ ပါဝါအမာ ကစားပွဲနဲ့ နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပဲ လူထုကြီးက လမ်းပေါ်တက်လာခဲ့ပါတယ်။ ဒီလူထုကြီး လမ်းပေါ်တက်လာဖို့ကို နိုင်ငံရေးအင်အားစုတွေက ဦးဆောင်ခဲ့တာ မဟုတ်ပေမယ့် အရိပ်တော့ မကင်းခဲ့ပါဘူး။ သုံးလကျော် ကြာတဲ့အချိန် မှာတော့ လူထုဟာ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ရမယ်ဆိုတဲ့ "ဘဝပေးအသိ" အရ လက်နက်ကိုင်တော်လှန်ရေးဘက်ကို တိမ်းညွှတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးဟာ ပါဝါမာ၊ ပါဝါပျော့ နှစ်ဖြာလုံး သုံးပြီး စစ်အုပ်စုကို အမြစ်က လှန်နေတဲ့ လူထုတိုက်ပွဲ ဖြစ်ပါတယ်။ နိုင်ငံရေးအသိကြောင့် လမ်းပေါ်တက် ဆန္ဒပြခဲ့သလို ဘဝပေးအသိကြောင့် လက်နက်ကိုင်ခုခံတော်လှန်တဲ့အဆင့်ထိ ရောက်လာတဲ့ လူထုတိုက်ပွဲကြီး ဖြစ်ပါတယ်။ လူထုဟာ တော်လှန်ရေးကြီးတစ်ခုလုံးအတွက် အရေးကြီးဆုံးသော ပါဝါအင်အားစုကြီး ဖြစ်ပါတယ်။ ဒီအင်အားစုဟာ အာဏာပါဝါကစားပွဲမှာ အပျော့ကို သုံးမလား၊ အမာကို သုံးမလား ဆိုတာ ဆုံးဖြတ်နိုင်တဲ့၊ ဆုံးဖြတ်ခွင့်ရှိတဲ့ အင်အားစုကြီး ဖြစ်ပါတယ်။ ပါဝါပျော့ နိုင်ငံရေးကစားဝိုင်းအားသန်သူတွေချည်း ဦးဆောင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းလည်း မဟုတ်တော့ပါဘူး။ ပါဝါပျော့ကစားပွဲဟာ အလုပ်ဖြစ်သင့်သလောက် ဖြစ်ခဲ့ပေမယ့် နောက်ဆုံးတော့ ပါဝါအမာကို စစ်တပ်က ပြန်ထုတ်သုံးလာပြီး လူထုအာဏာကို လုယူသွားတာကို ကြည့်ရင် မြင်နိုင်ပါတယ်။ လစ်ဘရယ်ဒီမိုကရက်အင်အားစုတွေဘက်မှာ ပါဝါအမာ လက်ကိုင်မရှိတဲ့အတွက် ခေါင်းတက်နင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၁၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်